AD
AD
AD

မန်ချက်စတာမြို့ခံအသင်းတွေအတွက် အရေးပါဆုံးအရာ ၂ ခုလို့ ဆိုရမယ့်အရာကတော့ မန်ချက်စတာဒါဘီပွဲစဉ်နဲ့ ဥရောပအောင်မြင်မှုဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့စနေနေ့က အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးအသင်းကို ဒုတိယအကျော့မှာ ပြန်လည်ရင်ဆိုင်နိုင်ဖို့ ယုံကြည်မှုတွေ အနည်းငယ်လျော့ကျခဲ့ပြီဖြစ်ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာက မန်ချက်စတာယူနိုက်တက်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဘာကြောင့် အဲဒီိလို ဖြစ်သွားခဲ့ရလဲဆိုတာ မသိဘူးလို့ ဝန်ခံပြောကြားထားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ယင်းပွဲစဉ်မှာ နည်းစနစ်ပိုင်းကို အဓိကမထားဘဲ စိတ်ဓာတ်ရေးရာကို အဓိကအသုံးပြုခဲ့ပြီး ပထမပိုင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့တဲ့ မန်စီးတီးအသင်းကို ဒုတိယပိုင်း ၄၅ မိနစ်မှာ ၃ ဂိုးသွင်းယူပြီး အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုရရှိဖို့ ရည်မှန်းထားတဲ့အသင်းဖြစ်ပြီး ပထမအကျော့မှာကတည်းက လီဗာပူးအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့အပြင် မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းကိုလည်း အိမ်ကွင်းမှာ ဒုတိယပိုင်း နောက်ကျဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့ရတာကြောင့် မန်စီးတီးကစားသမားတွေအနေနဲ့ စိတ်ဓာတ်ပိုင်းမှာ အနည်းငယ် ပြဿနာရှိနေနိုင်ပါတယ်။

play

 

ယနေ့ညပွဲစဉ်မှာ ပက်ဂွါဒီယိုလာအနေနဲ့ လျင်မြန်လှတဲ့ လီဗာပူးအသင်းရဲ့တိုက်စစ်ကို ထိန်းချုပ်ပြီး တန်ပြန်တိုက်စစ်နဲ့ ကစားသင့်ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်ကို ပြန်လည်ကြည့်ရှုရရင် မန်ချက်စတာစီးတီးအသင်းရဲ့ ခံစစ်မှာ ပြဿနာအနည်းငယ်ရှိနေပြီး မမှားသင့်တဲ့ အမှားတွေ ပြုလုပ်ခဲ့ပြီး တစ်ချက်မှားတာနဲ့ တစ်ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

play

 

ဂွါဒီယိုလာအနေနဲ့ ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ နည်းစနစ်ပိုင်းကို အပြောင်းအလဲအချို့ ပြုလုပ်သင့်ပြီး အဓိကအားဖြင့် စိတ်ဓာတ်ရေးရာတက်ကြွအောင် ချဉ်းကပ်မှုအချို့ပြုလုပ်သင့်ပါတယ်။ ယနေ့ညပွဲစဉ်မှာ ထွက်ပေါ်လာတဲ့ရလဒ်ဟာ အနိုင်၊ အရှုံး တစ်ခုတည်း မဟုတ်ဘဲ ပက်ဂွါဒီယိုလာ ဘာတွေ ပြောင်းလဲနိုင်ခဲ့လဲ၊ မပြောင်းလဲနိုင်ခဲ့ဘူးလဲဆိုတာကိုပါ အဆုံးအဖြတ်ပေးသွားမယ့်ပွဲစဉ်လည်း ဖြစ်နေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD