AD
AD
AD

မန်ချက်စတာစီးတီးအသင်းရဲ့ကွင်းလယ်ကစားသမား ယာယာတိုရေးဟာ နည်းပြ ပက်ဂွါဒီယိုလာဟာ အာဖရိက ကစားသမားတွေနဲ့ပတ်သက်လာရင် ပြဿနာရှိသူဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ Goal က ရေးသားထားပါတယ်။

play
ဂွါဒီယိုလာရဲ့ခွဲခြားဆက်ဆံခံခဲ့ရတယ်လို့ ပြောကားခဲ့တဲ့ ယာယာတိုရေး

 

အသက် ၃၅ အရွယ်ရှိပြီဖြစ်တဲ့ ယာယာတိုရေးဟာ ယခုရာသီကုန်မှာ အသင်းကနေ ထွက်ခွာခဲ့သူဖြစ်ပြီး ဂွါဒီယိုလာရဲ့လက်အောက်မှာ အကန့်အသတ်နဲ့သာ ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။ ဂွါဒီယိုလာကြောင့် အသင်းပြောင်းရွှေ့ရတာ ယာယာတိုရေးအတွက် ယခုအကြိမ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး ဘာစီလိုနာအသင်းမှာ ကစားစဉ်တုန်းကလည်း ဂွါဒီယိုလာက ပွဲထွက်ခွင့်မပေးတာကြောင့် မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

play
အသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ယာယာတိုရေး

 

ယာယာတိုရေးက ဂွါဒီယိုလာရဲ့ မမျှတဲ့ဆက်ဆံမှုကို ခံခဲ့ရကြောင်းပြောဆိုခဲ့ပြီး မိမိဟာ အာဖရိကသားတစ်ယောက် ဖြစ်နေတာကြောင့် ဖြစ်လိမ့်မယ်လို့ သင်္ကာမကင်းဖြစ်နေတာဖြစ်ပါတယ်။

"ဂွါဒီယိုလာရဲ့အတွေးအမှားကြီးကို ချိုးဖျက်ပစ်နိုင်တဲ့လူတစ်ယောက်ဖြစ်ချင်ပါတယ်"

"ကျွန်တော် သူ့ကို နားလည်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော့်ရဲ့အနေအထားကိုတောင် သူ့ကို သွားမေးခဲ့ပါသေးတယ်။ ကျန်တဲ့သူတွေက ကောင်းနေလို့လား ဒါမှမဟုတ် ကျွန်တော့်ထက်ပိုကောင်းနေလို့လား။ ပွဲစဉ်အတွင်းမှာရော လေ့ကျင့်ရေးမှာရောပေါ့။ ကစားနေတဲ့သူတွေအားလုံးက ကျွန်တော့်ထက် ငယ်ရွယ်ကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ရမှာမဟုတ်ဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဘာကြောင့် ကျွန်တော့်မှာ သူ မနာလိုဖြစ်ရလောက်တဲ့ တစ်စုံတစ်ခုရှိနေရလဲဆိုတာ မသိပါဘူး။ သူက ကျွန်တော့်ကို ပြိုင်ဘက်တစ်ယောက်လို မြင်နေတာပါ"

"ပက်နဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ခံစားချက်တစ်ခုရှိတယ်။ ကျွန်တော့်ရဲ့နောက်ဆုံးရာသီကို အသိအမှတ်ပြုမှုမရှိ၊ လေးစားမှုမရှိဘဲ အရာအားလုံး ပျက်စီးအောင်လုပ်ခဲ့တာ"

play
၂၀၀၉ ခုနှစ်ချန်ပီယံလိဂ်ဖလား ရရှိခဲ့စဉ်က

"သူ ကျွန်တော့်အပေါ်မှာ ရက်စက်လွန်းပါတယ်။ အင်နီယေစတာသာဆိုရင် အဲဒီလို သူလုပ်မယ်လို့ ခင်ဗျားတကယ်ထင်လား။ အဲဒီမှာ အဓိကအချက်ကို ရသွားပီ။ ကျွန်တော့်ရဲ့အသားရောင်ကြောင့်များလားလို့ ကိုယ့်ဘာသာ ပြန်မေးမိတယ်။ ကျွန်တော်က ပထမဆုံးတော့မဟုတ်ပါဘူး။ တခြား ဘာစီလိုနာကစားသမားတွေလည်း အဲဒီမေးခွန်းကို မေးဖူးကြပါတယ်"

"ကျွန်တော်တို့တွေက အာဖရိကသားတွေဖြစ်နေလို့လည်း ဖြစ်ချင်ဖြစ်နိုင်ပေမယ့် အမြဲတမ်းတော့ လူတွေက ဒီလိုဆက်ဆံနေလို့မရပါဘူး။ ခင်ဗျားသာ အာဖရိကကစားသမားတွေနဲ့ မကြာခဏပြဿနာဖြစ်တတ်တဲ့သူ၊ သူ ရောက်လေရာအရပ်တိုင်းမှာ ပြဿနာဖြစ်တတ်တဲ့သူကိုသာ တွေ့မယ်ဆိုရင် ကိုယ့်ဘာသာပဲ မေးခွန်းမေးလိုက်မယ်"

"သူက အရမ်းကို ဥာဏ်ကောင်းလွန်းပါတယ်။ ဘယ်တော့မှ အာဖရိက ကစားသမားတွေကို မနှစ်သက်ဘူးလို့ ဝန်ခံမှာမဟုတ်ဘူး။ ဒါပေမယ့် သူ့အနေနဲ့ ပွဲထွက်လူစာရင်းထဲမှာ အာဖရိက ကစားသမား ၅ ဦးအထိ ထည့်သွင်းခဲ့တဲ့နေ့ရောက်ရင်တော့ သူ့ကို ကိတ်မုန့်ပို့ပေးမယ်လို့ ကတိပေးပါတယ်"

"ဒီထက်ပိုပြီး ပြောရမယ်ဆိုရင် ပက်က သူ့လက်ကို နမ်းပြီး သူလွှမ်းမိုးချုပ်ကိုင်သမျှ အမိန့်နာခံတတ်တဲ့ ကစားသမားတွေကို လိုချင်နေတာပါ။ အဲဒီလိုမျိုး ဆက်ဆံရေးမျိုးကို ကျွန်တော် မနှစ်သက်ပါဘူး။ ကျွန်တော့်ရဲ့နည်းပြကိုတော့ လေးစားမယ်။ ဒါပေမယ့် ကျွန်တော်က သူပိုင်တဲ့အရာတစ်ခုမဟုတ်ဘူး"လို့ ပြောကြားခဲ့ပါတယ်။

Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD