AD
AD
AD

မန်ချက်စတာစီးတီးအသင်းနဲ့ လမ်းခွဲခဲ့ပြီဖြစ်တဲ့ ဝါရင့်ကွင်းလယ်ကစားသမား ယာယာတိုရေးဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းကို ပြောင်းရွှေ့ကစားလိုသေးကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြောကြားခဲ့ပါသေးတယ်။

play

 

ယာယာတိုရေးဟာ ၂၀၁၀ ခုနှစ်မှာ မန်ချက်စတာစီးတီးအသင်းကို ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလား ၂ ကြိမ်နဲ့ ကွန်မြူနတီဒိုင်းတစ်ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

play

 

ယာယာတိုရေးဟာ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အသင်းဟောင်း မန်စီးတီးအသင်းအတွက် အဆိုးရွားဆုံးဖြစ်စေနိုင်တဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်၊ မဖြစ်နိုင် မသေချာသေးကြောင်း ပြောကြားခဲ့ပါတယ်။ မိုက်ကယ်ကားရစ်ရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားသမားအကြောင်းကို ယာယာတိုရေးကို မေးတဲ့အခါမှာ အခုလိုပဲ ပြန်လည်ပြောကြားခဲ့ပါတယ်။

"အင်း။ သူ ထွက်သွားပြီ"

"ကြည့်ရအောင်။ ကျွန်တော် အသင်းကြီးတွေကို ငြင်းပယ်လေ့မရှိပါဘူး။ အသင်းကြီးတွေက ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်။ သူတို့ ဘာလိုချင်လဲ၊ ဘယ်ကိုသွားချင်လဲ၊ ကျွန်တော့်အတွက်တော့ အရမ်းအရေးကြီးပါတယ်"

"ကျွန်တော့်အနေနဲ့ နိုင်ပွဲတွေရပြီး ဆုဖလားတွေကိုင်မြှောက်နိုင်မယ့်နေရာပဲ သွားချင်ပါတယ်"

play

 

"မန်ချက်စတာစီးတီးအသင်းနဲ့ ပြန်ရင်ဆိုင်ရမယ့်နေ့က အရမ်းခက်ခဲမှာပါ။ ဒါပေမယ့် ကျွန်တော် လုပ်ကိုလုပ်မှရမယ်လေ။ အဲဒါက ကျွန်တော့်အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ"

"ကျွန်တော် ဘောလုံးကစားခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ ဘောလုံးကစားတာကလွဲပြီး ဘယ်နေရာမှာမှ မတော်ပါဘူး။ ဘောလုံးတစ်ခုတည်းမှာပဲ တော်တာပါ"

"ကျွန်တော့်ကိုယ် ကျွန်တော် မတူညီတဲ့အသင်းတွေမှာ ပြန်မြင်ရတာ တော်တော်ခက်ခဲပါတယ်။ ကျွန်တော်ဟာ မန်ချက်စတာစီးတီးအသင်းရဲ့ ဟိုးအရင်ကတည်းကနေ ဒီနေ့အထိ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်တော် တိတိကျကျပြောရမယ်ဆိုရင် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်တို့လို အဆင့်မြင့်တဲ့ပြိုင်ပွဲတွေမှာ ဆက်ကစားသွားမှာပါ"

"နောက်ထပ် ၂ နှစ်လောက် ထပ်ပြီး ကစားချင်ပါသေးတယ်။ ကျွန်တော် ပြောင်းရွှေ့မယ့်အသင်းက အဆင့်မြင့်ပြိုင်ပွဲတွေမှာ ကစားနေတဲ့အသင်းဖြစ်ရမှာဖြစ်ပြီး ကျွန်တော့်အတွက်လည်း ပွဲထွက်ခွင့်ရမယ့်အသင်းမျိုးပေါ့"လို့ ပြောပြခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD