EURO 2016: လိင်ကိစ္စအရှုပ်တော်ပုံ ပေါ်ပေါက်ပြီးနောက် ဂိုးသမား ဒီဂီယာကို စပိန်အသင်း အိမ်ပြန်လွှတ်မည်ဟု ဆို

, updated

ဒီဂီယာနဲ့အတူ မန်ယူကစားသမား အချို့လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

play


စပိန်အသင်းနဲ့ ယူရိုပြိုင်ပွဲဝင်ရတော့မယ့် မန်ယူအသင်းဂိုးသမား ဒီဂီယာဟာ အသင်းဖော်အချို့နဲ့အတူ အရင်က လူသိမခံခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ရှိခဲ့ကြောင်း သိရပါတယ်။

အပြာကားတွေ ရိုက်ကူးထုတ်လုပ်သူ ဖာနန်ဒက်ဇ်ဆိုသာ အမျိုးသားတစ်ဦးဟာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေကို သူ့ရဲ့လုပ်ငန်းမှာ အသုံးချခဲ့မှုကြောင်း အဖမ်းစီးခံရနေရပြီး တရားရုံးမှာ စစ်ဆေးခံနေရတဲ့ အချိန်ဖြစ်ပါတယ်။ ဒါအပြင် ထုတ်လုပ်သူ ဖာနန်ဒက်ဇ်က အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိခိုက်အောင် စော်ကားမှုလည်း ရှိခဲ့တယ်လို့ စွဲချက်တင်ခံထားရပါတယ်။

play


လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားခဲ့ခဲ့ရတယ်ဆိုတဲ့ အမျိုးသမီးကို တရားရုံးမှာ စစ်ဆေးနေစဉ် လျှောက်လဲ ထွက်ဆိုချက်ထဲမှာ ဒီဂီယာရဲ့ နာမည်ပါလာခဲ့တာဖြစ်ပါတယ်။  စပိန်သတင်းစာတွေရဲ့ ဖော်ပြချက်အရ ဒီဂီယာဟာ လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှု ပြုလုပ်ခံခဲ့ရသူလို့ ဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံဖို့အတွက် ထုတ်လုပ်သူ ဖာနန်ဒက်ဇ်နဲ့ ၂၀၁၂ ခုနှစ်တုန်းက ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

play


နောက်ပြီး ဒီဂီယာ အပါအဝင် ဘောလုံးသမားနှစ်ဦးက ကြယ်ငါးပွင့်ဟိုတယ်တစ်ခုမှာ ယင်းသို့ ကျူးလွန်ခဲ့ကြတာလို့ သိရပါတယ်။ နောက်ပိုင်းမှာ ဒီဂီယာက သူအပါအဝင် မန်ယူအသင်း ကစားသမား ငါးဦးနဲ့ အဆိုပါအမျိုးသမီး လာရောက်တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့သေးတယ်လို့ ဆိုပါတယ်။ အခုထွက်နေတဲ့ သတင်းတွေအရ ဒီဂီယာကို ပြင်သစ်မှာ ယူရိုပြိုင်ပွဲဝင်ဖို့ ရောက်နေတဲ့ စပိန်အသင်း လူစာရင်းက ထုတ်ပယ်လိုက်ပြီး အိမ်ပြန်ပို့လိုက်ပြီလို့ သိရပါတယ်။

Source & Photos : Independent

ဒီဂီယာ ပြန်လည် ငြင်းချက်ထုတ်ထားသည့် သတင်းကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုပါရန်

http://bit.ly/1UHyEKT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ