Sports: Facebook မှာ Like လုပ်ထားသင့်တဲ့ အားကစားမယ်များ

, updated

Facebook ဖွင့်လိုက်တဲ့အခါ မျက်စိပသာဒ ဖြစ်စရာလေးတွေ မြင်နေရဖို့ မော်ဒယ်တွေ၊ မင်းသမီးတွေရဲ့ fans pages တွေကို like လုပ်ထားမှမဟုတ်ပါဘူး။ သင်ဟာ အားကစားကို ခုန်မင်သူတစ်ယောက်ဆိုတော့ အခုအကြံပေးမယ့် အားကစားမယ်များရဲ့ fans Pages တွေကို like လုပ်ထားဖို့ အကြံပေးပါရစေ။ ကမ္ဘာ့အကျော်ကြားဆုံး ဖြစ်နေတဲ့ အားကစားမယ်တွေဟာ မော်ဒယ်တွေထက်မလျော့တဲ့ အလှတွေနဲ့ လှကြသူတွေလည်းဖြစ်ပါတယ်။

 

စတက်ဖနီ ရိုက်စ်Stephanie Rice

play

 

ရိုက်စ်ဟာ သြစတြေးလျရေကူးမယ်ဖြစ်ပြီး အိုလံပစ်ရွှေတံဆိပ် သုံးဆုရှင်လည်း ဖြစ်ပါတယ်။ ကမ္ဘာ့ရေကူးချန်ပီယံရှစ် ပြိုင်ပွဲမှာလည်း ဆုတံဆိပ်တွေ ရဖူးသူဖြစ်ပါတယ်။

 

ကယ်လင်ကိုင်လီ (Kaylyn Kyle)

play

 

ကိုင်လီကတော့ ကနေဒါဘောလုံးသမားဖြစ်ပါတယ်။ ကနေဒါအမျိုးသမီးအသင်းနဲ့အတူ ၂၀၁၂ အိုလံပစ်ကတုန်းက ရွှေတံဆိပ်ရခဲ့ဖူးသူဖြစ်ပါတယ်။

 

အန်နာကော်နီကိုဗာ Anna Kournikova

play

 

ရုတ်တရက်ကြည့်လိုက်ရင်တော့ သူ့ကို တင်းနစ်သမားလို့ ထင်စရာအကြောင်းကိုမရှိပါဘူး။ တင်းနစ်ပြိုင်ပွဲတွေမှာ အောင်မြင်မှု ကြီးကြီးမားမား မရသေးပေမယ့် ဓါတ်ပုံရိုက်ရာမှာတော့ သူက ပါရမီ ရှိပါတယ်။

 

လင်ဆေးဗွန်း Lindsey Vonn

play

 

လင်ဆေးဗွန်းကတော့ အမေရိကန် နှင်းလျှောစီးမယ်ဖြစ်ပါတယ်။ သူကလည်း အိုလံပစ်မှာ ရွှေတံဆိပ် ဆွတ်ခူးဖူးသူဖြစ်ပါတယ်။ နာမည်ကျော် တိုက်ဂါးဝုဒ်နဲ့တောင် ချစ်သူဖြစ်ခဲ့ဖူးသူပါ။

 

ဘလဲယာအော်နီရယ် Blair O'Neal

play

 

ဂေါက်သီးရိုက်အားကစားမယ် ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်ဂေါက်သီးအားကစား အဖွဲ့ရဲ့ အသင်းဝင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လောလောဆယ်တော့ ပရော်ဖက်ရှင်နယ်ဂေါက်သီးမယ်အဖြစ် ရပ်တည်နေတုန်းဖြစ်ပြီး မော်ဒယ်ဖြစ်ဖို့လည်း အလားအလာများနေပါတယ်။

 

ရှာရာပိုဗာ Maria Sharapova

play

 

ရှာရာပိုဗာကတော့ ရုရှားတင်းနစ်မယ်ဖြစ်တာ အားလုံးသိကြပြီးသားဖြစ်မယ်  ထင်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးတင်းနစ်သမားတွေထဲမှာ အဆင့် ၄ ဖြစ်ပါတယ်။ တစ်ချိန်ကတော့ နံပတ် ၁ ဖြစ်ခဲ့ဖူးပါတယ်။ သူမကလည်း အလှနဲ့ ကျွမ်းကျင်မှုပေါင်းစပ်ပြီး အောင်မြင်လာသူပါ။

 

အန်နစ္စတာရှားအက်ရှ်လေ Anastasia Ashley

play

 

အမေရိကန်ဖြစ်ပြီး ရေလွှာလျှောစီးမယ် အားကစားသမားဖြစ်ပါတယ်။ ဘစ်ကနီမော်ဒယ်အဖြစ်လည်း အသက်မွေးဝမ်းကျောင်း ပြုပါတယ်။ ဟာဝိုင်ယီမှာ ကြီးပြင်းခဲ့တဲ့သူမအတွက် ဒီအားကစားနည်းမှာ အောင်မြင်တာ အံ့သြစရာတော့ မဟုတ်ပါဘူး။

 

ဆာရာဂါလင်ဘာတီ Sara Galimberti

play

 

ဆာရာကတော့ မော်ဒယ်တစ်ယောက် မဟုတ်သေးပါဘူး။ အီတလီလူမျိုးဖြစ်ပြီး တာဝေးအပြေးမယ် ဖြစ်ပါတယ်။

 

ဂီနာကာရာနို Gina Carano

play

 

တစ်ချိန်ကတော့ အမေရိကန်အသတ်အပုတ်ကြိုးဝိုင်းထဲက fighter တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ သရုပ်ဆောင်လည်း ဖြစ်သလို ကြံ့ခိုင်ရေးကာယအလှမယ်လည်း ဖြစ်ပါတယ်။

 

အေဂျေ Lee AJ Lee

play

 

အေဂျေကတော့ အမေရိကန်နပန်းမယ်ဖြစ်ခဲ့ဖူးပြီး အခုတော့ ပရော်ဖက်ရှင်နယ်ဘဝက အနားယူသွားပါပြီ။

Source & Photos : www.rantsports.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ