AD
AD
AD

မက်ဆီက စည်းကြပ်ဒိုင်ကို စောဒကတက် ကန့်ကွက်မှု


အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီကို နိုင်ငံတကာ ဘောလုံးပွဲစဉ်ကစားခွင့် ၄ ပွဲ ပိတ်ပင်ထားမှုကို ပယ်ဖျက်ပေးလိုက်ပြီလို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် မက်ဆီရဲ့ ပွဲပယ်ပြစ်ဒဏ်ကို FIFA က အယူခံဝင်ခဲ့မှုအရ ပယ်ဖျက်ပေးခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ မတ်လအတွင်း ကစားခဲ့တဲ့ ချီလီကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်း အကူဒိုင်လူကြီကို ရိုင်းပျတဲ့စကားလုံးများဖြင့် ပြောဆိုခဲ့မှုကြောင့် ၄ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

play


အဆိုပါ ပွဲပယ်ပြစ်ဒဏ်ကြောင့် မက်ဆီဟာ မတ်လ ၂၉ ရက်မှာ ကစားခဲ့တဲ့ ဘိုလီဗီးယားနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ထိုပွဲစဉ်မှာ အာဂျင်တီးနားက ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ FIFA ရဲ့ အယူခံရေးရာကော်မတီက မက်ဆီရဲ့အပြုအမူဟာ စွပ်စွဲခံရတာမျိုးဖြစ်ပြီး သက်သေအထောက်အထား မလုံလောက်ကြောင်း ပြောပါတယ်။ မက်ဆီဟာ ပွဲပယ်ပြစ်ဒဏ် ပယ်ဖျက်ခံရတာကြောင့် ဥရုဂွေး၊ ဗင်နီဇွဲလားနဲ့ ပီရူး အသင်းတို့နဲ့ ကစားရမယ့် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်မှာ ဖြစ်ပါတယ်။

play


မက်ဆီကို ချမှတ်ထားတဲ့ ပေါင်စတာလင် ၇,၈၀၀ ဒဏ်ငွေကိုလည်း FIFA က ပယ်ဖျက်လိုက်ကြောင်း သိရပါတယ်။ ချီလီနဲ့ပွဲစဉ်အတွင်း မက်ဆီဟာ ကစားပုံကြမ်းတမ်းကြောင်း အကူဒိုင်လူကြီးက အလံထောင်အချက်ပြခဲ့ရာ မက်ဆီက အကူဒိုင်လူကြီးကို ဒေါသတကြီး ပြောဆိုခဲ့တာကို ကင်မရာမှတ်တမ်းမှာ တွေ့ခဲ့ရပါတယ်။

ကွင်းလယ်ဒိုင်က အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး မည်သည့်ကတ်မျှ ပြသခံခဲ့ရခြင်း မရှိပါဘူး။ ချီလီနဲ့ပွဲစဉ်မှာ မက်ဆီရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ရရှိခဲ့တဲ့ သက်သေအထောက်အထားဟာ ပွဲပယ်ပြစ်ဒဏ်ချမှတ်နိုင်အောင် မလုံလောက်ခဲ့ကြောင်း FIFA အယူခံရေးရာကော်မတီက သုံးသပ်ခဲ့ပါတယ်။

အာဂျင်တီးနားရဲ့ နိုင်ငံတကာပွဲစဉ်များ

  • သြဂုတ် ၃၁ - ဥရုဂွေး (အဝေးကွင်းပွဲစဉ်)
  • စက်တင်ဘာ ၅ - ဗင်နီဇွဲလား (အိမ်ကွင်းပွဲစဉ်)
  • အောက်တိုဘာ ၅ - ပီရူး (အိမ်ကွင်းပွဲစဉ်)
  • အောက်တိုဘာ ၁၀ - အီကွေဒေါ (အဝေးကွင်းပွဲစဉ်)

Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD