Sports: အင်စတာဂရမ်မှာ Follower များဆုံး ဘောလုံးသမား ၁၀ ဦး

အင်စတာဂရမ်မှာ Follower အများဆုံး ရထားတဲ့ ကစားသမားစာရင်းထဲမှာ ပရီးမီးယားလိဂ်ကတော့ တစ်ယောက်မှ မပါဝင်ပါဘူး။

play

 

ပုဂ္ဂိုလ်ရေးဓာတ်ပုံတွေနဲ့ Selfie တွေတင်ဖို့သာ အဓိကပြုလုပ်ပေးထားတဲ့ အင်စတာဂရမ်မှာ နာမည်ကျော် အနုပညာတွေရှင်တွေနဲ့ အားကစားသမား အားလုံးနီးပါးကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဘောလုံးလောကမှာ လက်ရှိ ကစားနေဆဲဖြစ်တဲ့ ကစားသမားတွေထဲက ဘယ်သူတွေဟာ အင်စတာဂရမ်ပေါ်မှာ Follower အများဆုံး ရထားလဲဆိုတာ ကြည့်လိုက်ပါဦး။

သတိပေးချင်တာက မက်ဆီက Follower အများဆုံးရတဲ့သူလို့ တွေးနေမိမယ်ဆိုရင် ဒီအတွေး မမှန်ဘူး ဆိုတာပါပဲ။

၁။ အင်စတာဂရမ်မှာ နံပတ် ၁ Follower အများဆုံး ကစားသမားကတော့ အားလုံးသိတဲ့ ရော်နယ်ဒိုပါ။ စုစုပေါင်း Follower ၃၉.၄ သန်းရှိပါတယ်။ ရော်နယ်ဒိုက ဖေ့စ်ဘွတ်မှာလည်း likes အများဆုံး ရတဲ့ ကစားသမား ဖြစ်ပါတယ်။

play

 

၂။ ဒုတိယလိုက်တာကတော့ မက်ဆီမဟုတ်ပဲ နေမာဖြစ်နေပါတယ်။ စုစုပေါင်း ၃၆.၅ သန်းကျော်ရှိပါတယ်။

play

 

၃။ နံပတ် သုံးကတော့ မက်ဆီပါ။ မက်ဆီက Follower ၃၀.၅ သန်းပဲရှိလို့ ရော်နယ်ဒိုနဲ့ ၉ သန်းလောက် ကွာပါတယ်။ ဒီနေရာမှာတော့ ရော်နယ်ဒိုကို မက်ဆီလိုက်မီဖို့ လိုနေပါသေးတယ်။

play

 

၎။ ကမ္ဘာ့ဖလားနဲ့အတူ နာမည်ပိုရလာတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က Follower ၁၆.၇ သန်းကျော်တောင် ရှိပါတယ်။ ရော်နယ်ဒိုနဲ့ယှဉ်လိုက်ရင် နှစ်ဆခွဲလောက်ကွာပေမယ့် စတုတ္ထအများဆုံးပါ။

play

 

၅။ နောက်တစ်ယောက်ကလည်း ရီးရဲလ်မက်ဒရစ်ကပါပဲ။ ဂါရက်ဘေးလ်ပါ။ စုစုပေါင်း Follower ၁၁.၄ သန်းဖြစ်ပါတယ်။

play

 

၆။ နောက်ထပ်တစ်ယောက်တော့ ဘရာဇီးလက်ရွေးစင် ဒေးဗစ်လုဇ်ဖြစ်ပါတယ်။ Follower ၁၁ သန်းရှိပါတယ်။

play

 

၇။ ပီအက်စ်ဂျီရဲ့ ဝါရင့်တိုက်စစ်မှူး ဇလေတန်အီဗရာဟီမိုဗစ်ခ်ျက Follower ၁၀ သန်းတောင် ရှိပါတယ်။

play

 

၈။ ဘရာဇီးလက်ရွေးစင်ဟောင်း ရော်နယ်ဒိုဟိုက ၈.၇ သန်းပါ။

play

 

၉။ ဘန်ဇီမားလည်း အင်စတာဂရမ်မှာ အောင်မြင်သူဖြစ်ပါတယ်။ Follower ၈.၃ သန်းရှိပါတယ်။

play

 

၁၀။ နောက်ထပ်ဘရာဇီးလက်ရွေးစင်ဖြစ်တဲ့ သီယာဂိုဆေးလ်ဗားက Follower ၈ သန်းပိုင်ဆိုင်ထားပါတယ်။

Source & Photos :www.dailymial.co.

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ