Sports: Horizon ကလပ် ကစားသမားအပြောင်းအရွှေ့ မသမာမှုလုပ်တဲ့ အရာရှိသုံးဦး ရာထူး ဆိုင်းငံ့ခံရ

အဆိုပါအရာရှိများသည် ဘောလုံးသမား ဂျိုးဆက်အမ်ပန်ဒီအမ်ဘိုလင်ဘိုကို မြန်မာကလပ် Horizon FC သို့ ပြောင်းရွှေ့မှုတွင် တရားမဝင် လုပ်ဆောင်မှုများ တွေ့ခဲ့ရခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

play

 

မြန်မာနေရှင်နယ်လိဂ် ကလပ် အသင်းတစ်သင်းဖြစ်သည့် Horizon FC သို့ ကစားသမားပြောင်းရွှေ့ရာတွင် မသမာမှုများပြုလုပ်ခဲ့ခြင်းကြောင့် ယူဂန်ဒါဘောလုံး အဖွဲ့ ချုပ်(FUFA)  သည် ၎င်းတို့၏ အရာရှိသုံးဦးအား ရာထူးမှ ဆိုင်းငံ့ခဲ့ကြောင်း သိရသည်။

အဆိုပါအရာရှိများသည် ဘောလုံးသမား ဂျိုးဆက်အမ်ပန်ဒီအမ်ဘိုလင်ဘိုကို မြန်မာကလပ် Horizon FC သို့ ပြောင်းရွှေ့မှုတွင် တရားမဝင် လုပ်ဆောင်မှုများ တွေ့ခဲ့ရခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

‘‘FUFA ရဲ့ ကျင့်ဝတ်ကော်မတီဟာ သာဒီယပ်စ်ကီတန်ဒဝီ၊ ဟာရူနာကျိုဘီနဲ့ ရစ်ချတ်နန်ဒီ ဂိုဘီတို့ကို SC Vipers ကလပ်ကစားသမားတစ်ဦးရဲ့ ပုံမှန် မဟုတ်တဲ့ အပြောင်းအရွှေ့မှာ ပါဝင်မှုကြောင့် ဘောလုံးနဲ့ ဆက်နွှယ်တဲ့ မည်သည့်လှုပ်ရှားမှုမှ မလုပ်ရန် ရက် ၉၀ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်’’ဟု ယူဂန်ဒါဘောလုံး အဖွဲ့ ချုပ် FUFA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

play

 

ယူဂန်ဒါဘောလုံးသမား အမ်ဘိုလင်ဘိုသည် ယူဂန်ဒါအမျိုးသားလက်ရွေးစင်အသင်း တိုက်စစ်ကွင်းလယ်ကစားသမားဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်မှ Horizon FC သို့ ယခုလအတွင်း ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ယူဂန်ဒါဘောလုံးအဖွဲ့ချုပ်သည် လက်ရှိတွင် အထက်ပါအရာရှိသုံးဦးအား  စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်းနှင့် ဖီဖာသို့လည်း စုံစမ်းမှုများ ပြုလုပ်နေကြောင်းအကြောင်းကြားထား သည်ဟု သိရသည်။

Horizon FC အသင်းတွင် ပြည်ပ ကစားသမား သုံဦးပါဝင်ကစားလျက်ရှိပြီးယူဂန်ဒါနိုင်ငံသားနှစ်ဦးနှင့် လိုင်ဘေးရီးယားနိုင်ငံ သားတစ်ဦး ပါဝင်ကစားလျက်ရှိသည်။

Source : 7Day Daily

Photo   : Horizon FC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ