International Sports: ဘိုင်ယန်အနိုင်ရသော်လည်း အဝေးဂိုးဖြင့် အသလက်တီကို ဗိုလ်လုပွဲတက်

, updated

ဘိုင်ယန်မြူးနစ်က ပင်နယ်တီလွဲချော်ခဲ့လို့ ဗိုလ်လုပွဲကို တက်ဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ရတာပါ။

play

 

ဂွါဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ နိုင်ပွဲရခဲ့ပေမဲ့လည်း အဝေးဂိုးစည်းမျဉ်းကြောင့် ဗိုလ်လုပွဲနဲ့ လွဲခဲ့ရပြီဖြစ်ပါတယ်။ ဂရိဇ်မန်းရဲ့ အဝေးဂိုးကြောင့် အသလက်တီကို အသင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နောက်တစ်ကြိမ် ရောက်လာခဲ့ပြန်ပါပြီ။

play

 

အိမ်ရှင် ဘိုင်ယန်မြူးနစ်ဘက်က အသလ်ကတီကို အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာတင် ဂိုးရဖို့ အခွင့်အရေးပေါင်း များစွာ ရခဲ့တာပါ။ ပထမပိုင်း ၃၁ မိနစ်မှာ ရတဲ့ပြစ်ဒဏ်ဘောကို ဘိုင်ယန်ကစားသမား အလွန်ဆိုက ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ သိပ်မကြာခင်မှာ ဘိုင်ယန်မြူးနစ်အသင်း ပင်နယ်တီကန်ဖို့ အခွင့်အရေး ထပ်ရလာခဲ့ပါတယ်။

play

 

ဒါပေမဲ့ တိုက်စစ်မှူး မူလာရဲ့ပင်နယ်တီကို အသလက်တီကို ဂိုးသမား ကာကွယ်နိုင်ခဲ့လို့ ဘိုင်ယန်နှစ်ဂိုးနဲ့ ဦးဆောင်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့တာပါ။ ဒုတိယပိုင်းမှာ ပွဲရဲ့ အဖြေ အပြောင်းအလဲ ဖြစ်သွားခဲ့ပါတယ်။

play

 

အခွင့်အရေးကောင်းဆိုတာ အသုံးချတတ်ရင် တစ်ကြိမ်ပဲ ရဖို့လိုတယ်ဆိုတာကို အသလက်တီကိုက သက်သေပြလိုက်ပါတယ်။ ၅၃ မိနစ်မှာ တောရက်စ်နဲ့ ဂရိဇ်မန်း အပေးအယူလုပ်ပြီး ဂရိဇ်မန်းကပဲ ချေပဂိုး သွင်းယူလိုက်တာဖြစ်ပါတယ်။ အိမ်ကွင်းမှာ ဂိုးပေးလိုက်ရပြီဖြစ်လို့ နောက်ထပ် နှစ်ဂိုးသွင်းမှ နောက်တစ်ဆင့် တတ်တော့မယ့် ဘိုင်ယန်မြူးနစ်ဟာ ပိုပြီးဖိကစားလာခဲ့ပါတယ်။

play

 

၇၄ မိနစ်မှာ ဘိုင်ယန်မြူနစ် အနိုင်ဂိုး ရပါတယ်။ ဗီဒယ်ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို သောမတ်စ်မူလာက အဆုံးသတ်လိုက်တာပါ။ ၈၄ မိနစ်မှာ အသလက်တီကိုလည်း ပင်နယ်တီရပြန်ပါတယ်။ ဒီပင်နယ်တီမှာ ဒိုင်ရဲ့ဆုံးဖြတ်ချက်မှားယွင်းတယ်လို့ ဆိုနိုင်ပါတယ်။ တကယ်တမ်း ကန်သွင်းရာမှာလည်း တောရက်စ်ရဲ့ ကန်ချက်ကို ဘိုင်ယန်ဂိုးသမား နူအာ ကာကွယ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဘိုင်ယန်အတွက် လိုအပ်နေတဲ့နောက်ထပ်အနိုင်ဂိုး တစ်ဂိုးကိုမသွင်းနိုင်လို့ အသလ်ကတီကို ဗိုလ်လုပွဲ တက်ပါတယ်။

Source : Daily Mail/ flashscore

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ