International Sports: ဘောလုံးအသင်းတွေဝယ်ပြီး ငွေဖြူ၊ ငွေမည်းလုပ်နေတဲ့ ရုရှားဂိုဏ်း ဖြိုခွင်းခံရ

ဘောလုံးအသင်းတွေကို အယောင်ပြဝယ်ယူပြီး ငွေကြေးခဝါချနေတဲ့ ရုရှား ဂိုဏ်းအဖွဲ့ဝင် ဖြစ်ပါတယ်။

play

 

ဘောလုံးအသင်းတွေကို အသုံးပြုပြီး တရားမဝင် ငွေကြေးခဝါချမှုတွေ ပြုလုပ်နေတဲ့ မြေအောက်ဂိုဏ်းကို ပေါ်တူဂီရဲတပ်ဖွဲ့နဲ့ ဥရောပရဲတပ်ဖွဲ့ပူးပေါင်းပြီး ဖြိုခွင်းနိုင်ခဲ့ပါတယ်။ ရုရှား ဂိုဏ်းစတားတွေ ပါဝင်တဲ့ အဖွဲ့ဟာ ပေါ်တူဂီမှာ ဘောလုံးအသင်းတွေကို ဟန်ပြဝယ်ယူပြီး တရားမဝင် ငွေကြေးစီးဆင်းမှုတွေ ပြုလုပ်နေတာပါ။

ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ငွေမည်းတွေကို ငွေဖြူဖြစ်အောင်လုပ်ဖို့အတွက် ပေါ်တူဂီမှာ ဘောလုံးအသင်းတွေကိုဝယ်ယူကာ ကုမ္ပဏီတွေတည်ထောင်ထားတာ ဖြစ်ပါတယ်။ ငွေမည်းပြုလုပ်နေတဲ့ ရုရှား ရာဇဝတ်သားတွေကို ဖမ်းဆီးရာမှာ အရေးပါတဲ့  ဖမ်းဆီးမှု သုံးခု ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

play

 

ပေါ်တူဂီ တတိယတန်းကလပ်လည်း ရဲတပ်ဖွဲ့ဝင်ရောက်စီးနင်း ခံရမှုမှာ ပါဝင်ခဲ့ပါတယ်။ ကလပ်အရာရှိအချို့လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ