International Sports: ဘွန်ဒက်စ်လီဂါ အမှတ်ပေးဖလားကို ဘိုင်ယန်မြူးနစ် လေးနှစ်ဆက်တိုက် ရရှိ

, updated

သမိုင်းတစ်လျှောက် အမှတ်ပေးဖလား ၂၆ ကြိမ်မြောက်ရခဲ့တာဖြစ်ပါတယ်။

play


ဘိုင်ယန်မြူးနစ်အသင်းက အင်ဂိုစတက်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါချန်ပီယံ နောက်တစ်ခါ ထပ်ဖြစ်ခဲ့ပြန်ပါပြီ။ ဘွန်ဒက်စ်လီဂါ သမိုင်းမှာ အမှတ်ပေးဖလားကို ၂၆ ကြိမ်ယူနိုင်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

play

 

play


ဒါ့အပြင် အမှတ်ပေးဖလား လေးနှစ်ဆက်တိုက် ရယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းဟာလည်း ဘိုင်ယန်မြူးနစ် ဖြစ်လာခဲ့ပါတယ်။

play

 

နည်းပြဂွါဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ် အသင်းဟာ ဘွန်ဒက်စ်လီဂါကို အချိန်အတန်ကြာ ဦးဆောင်လာခဲ့ပေမဲ့ ရာသီပြီးဆုံးဖို့ နောက်ဆုံး တစ်ပွဲသာကျန်တော့တဲ့ အချိန်မှသာ အမှတ်ပေးဖလား ရဖို့ သေချာခဲ့တာဖြစ်ပါတယ်။

play

 

play

 

ဘိုင်ယန်ကို ဖိအားပေးနေတဲ့ ဒေါ့မွန်က ရှုံးပွဲတွေ့ခဲ့တာကလည်း ဘိုင်ယန်ကို အမှတ်ပေးဖလား အပြတ်အသတ် ရစေခဲ့တာဖြစ်ပါတယ်။

play

 

ဘိုင်ယန်မြူးနစ်ကို နည်းပြဂွါဒီယိုလာ ကိုင်တွယ်တာဟာ ဒီနှစ်နောက်ဆုံး ဖြစ်ပါတယ်။

play

နည်းပြဂွါဒီယိုလာ ကိုင်တွယ်ခဲ့တဲ့ သုံးနှစ်လုံးမှာ ဘိုင်နယ်မြူးနစ်က နှစ်တိုင်း အမှတ်ပေးဖလား ရခဲ့ပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ် ဖလားအောင်မြင်မှုတော့ မရခဲ့ပါဘူး။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ