International Sports: ရီးရဲလ်မက်ဒရစ် ချန်ပီယံမဖြစ်သော်လည်း မက်ဆီမရဖူးသည့် ဂိုးသွင်းစံချိန် ရော်နယ်ဒို ရရှိ

ဘောလုံးလောကမှာ ဒီစံချိန်ကို ရော်နယ်ဒိုကလွဲပြီး ဘယ်သူမှ မရဖူးသေးပါဘူး။

play

 

လာလီဂါ နောက်ဆုံးပွဲစဉ်တွေအပြီးမှာ ဘာစီလိုနာအသင်း အမှတ်ပေးဖလား ရသွားခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် ကစားသမား ရော်နယ်ဒိုလည်း ဂိုးသွင်းစံချိန်သစ် တစ်ခုရသွားခဲ့ပါတယ်။

play

 

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု လေးကြိမ်ရထားတဲ့ မက်ဆီမရဖူးသေးတဲ့ ဂိုးသွင်းစံချိန်ကို ရော်နယ်ဒို ရခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ရောက်လာပြီးနောက် ဘောလုံးရာသီ ခြောက်ရာသီ(ခြောက်နှစ်)ဆက်တိုက် တစ်နှစ်ကို အနည်းဆုံး ဂိုး ၅၀ သွင်းနိုင်တဲ့စံချိန်ကို ရော်နယ်ဒို ရခဲ့တာဖြစ်ပါတယ်။ စနေညက လာလီဂါ နောက်ဆုံးပွဲစဉ်ကို ကစားခဲ့ရာမှာလည်း ရော်နယ်ဒိုက ဒီပို့တီပိုအသင်းဘက်ကို နှစ်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒီဂိုးကြောင့် ဒီရာသီမှာ ရော်နယ်ဒိုရဲ့ သွင်းဂိုးဟာ ၅၁ ဂိုး ဖြစ်လာခဲ့ပါတယ်။

play

 

ခြောက်နှစ်ဆက်တိုက် အသင်းအတွက် တစ်နှစ်ကို အနည်းဆုံး ဂိုး ၅၀ သွင်းပေးနိုင်တဲ့ ပထမဆုံး ကစားသမားဟာ ဘောလုံးလောကမှာ ရော်နယ်ဒို တစ်ဦးသာ ရှိပါသေးတယ်။ ဂိုးသွင်းစံချိန်များစွာ ရထားပေမယ့် ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါ ဖလားတစ်ကြိမ်နဲ့ စပိန်ဘုရင့်ဖလား နှစ်ကြိမ်သာ ရဖူးသေးသူ ဖြစ်ပါတယ်။ မေလ ၂၈ ရက်နေ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရော်နယ်ဒို ဂိုးထပ်သွင်းနိုင်ဦးမယ်ဆိုရင် ဒီရာသီသွင်းဂိုးက ပိုများဦးမှာ ဖြစ်ပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ