International Sports: ဖီဖာက အထွေထွေအတွင်းရေးမှူးရာထူးကို အမျိုးသမီးတစ်ဦးအား ပထမဆုံးအကြိမ်ခန့်အပ်

ဘာသာစကားလေးမျိုးကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူလည်း ဖြစ်ပါတယ်။

play

 

Senegal's Fatma Samba Diouf Samoura အမည်ရှိ အသက် ၅၄ နှစ် အမျိုးသမီးကို အထွေထွေအတွင်းရေးမှူးအဖြစ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ခန့်အပ်လိုက်ပါတယ်။ ထွေထွေအတွင်းရေးမှူးရာထူးကို အမျိုးသမီးကို ပေးအပ်လိုက်တာ ဖီဖာအနေနဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

play
မက္ကဆီကိုတွင်ပြုလုပ်သော ဖီဖာကွန်ဂရက်၌ ဆမော်ရာကိုခန့်အပ်ကြောင်း ဖီဖာဥက္ကဋ္ဌအင်ဖာတီနိုကြေညာခဲ့စဉ်

 

ခြစားမှုနဲ့ အရေးယူခံခဲ့ရတဲ့ အထွေထွေအတွင်းရေးမှူးဟောင်း ဂျရုမ်းဗယ်လ်ကီရဲ့ နေရာမှာ သူမကို အစားထိုးခန့်အပ်လိုက်တာပါ။ ဆမော်ရာဟာ ကုလသမဂ္ဂမှာလည်း ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ဖီဖာအထွေထွေအတွင်းရေးမှူးတာဝန်ကိုတော့ ဇွန်လမှာ စတင်တာဝန်ထမ်းဆောင်မယ်လို့ သိရပါတယ်။ ဘာသာစကားလေးမျိုးကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူလည်း ဖြစ်ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ