International Sports: ရော်နယ်ဒိုရဲ့ အရင်းနှီးဆုံးသူငယ်ချင်း ရန်ဖြစ်လို့ အဖမ်းခံရ

ဟိုတယ်တစ်ခုအတွင်းမှာ သူတပါးကို ထိုးကြိတ်ခဲ့တဲ့အတွက် အဖမ်းခံရတာပါ။

play

 

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ကစားသမား ရော်နယ်ဒိုရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူဟာ မော်ရိုကိုနိုင်ငံမှာအဖမ်းခံလိုက်ရပါတယ်။ ရော်နယ်ဒိုရဲ့ သူငယ်ချင်းက ဟိုတယ်တစ်ခုအတွင်းမှာ အခြားသူတွေကို ကိုယ်ထိလက်ရောက် အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။

ကစ်ဘောက်ဆာသမားတစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုရဲ့သူငယ်ချင်းဟာ ဘာ့ဒ်ဟာရီလို့ အမည်ရပြီး လွန်ခဲ့တဲ့ စနေနေ့က လေဆိပ်မှာ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အားလပ်ချိန်တိုင်း မော်ရိုကိုမှာရှိတဲ့ သူ့ရဲ့သူငယ်ချင်းနေအိမ်ကို သွားရောက်လည်ပတ်နေကြဖြစ်ပါတယ်။ ဟိုတယ်တစ်ခုအတွင်းမှာ ဟာရီက သူလိုချင်တဲ့ အရက်မသောက်ရတဲ့အတွက် ရန်ရှာပြီး ထိုးကြိတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

play

 

အခုတော့ ဒဏ်ငွေဆောင်ခဲ့ပြီးနောက် ဟာရီက အာမခံနဲ့ ပြန်လွတ်လာခဲ့ပြီလို့ ဆိုပါတယ်။ ဟာရီနဲ့ ရော်နယ်ဒိုဟာ အလွန်ရင်းနှီးတဲ့အပြင် လွန်ခဲ့တဲ့ ၇ လခန့်က ရော်နယ်ဒိုကို ရေကူးကန်ဘေးမှာ ချီထားတဲ့ဓာတ်ပုံကို  တင်ခဲ့တာကြောင့် သူတို့ဟာ လိင်တူချစ်သူတွေလို့ အချို့က ထင်ခဲ့ကြပါသေးတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ