International Sports: ယူရိုပါလိဂ် ချန်ပီယံဆုကို ဆီဗီလာအသင်း သုံးနှစ်ဆက်တိုက် ရရှိ

ယူရိုပါလိဂ်ကို သုံးနှစ်ဆက်တိုက် ရရှိခြင်းက ဆီဗီလာအသင်း သမိုင်းတစ်လျှောက် စံချိန်သစ်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

play


ယူရိုပါလိဂ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ယနေ့ (မေလ ၁၉ ရက်) နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဆီဗီလာအသင်းက လီဗာပူးကို ၃-၁ ဂိုးဖြင့် အနိုင်ယူပြီး ချန်ပီယံဆုဖလားကို သုံးနှစ်ဆက်တိုက် ဆွတ်ခူးသွားခဲ့ပါတယ်။ 

play


ယူရိုပါလိဂ် ချန်ပီယံဆုကို သုံးနှစ်ဆက်တိုက် ရရှိခြင်းက ဆီဗီလာအသင်း သမိုင်းတစ်လျှောက် စံချိန်သစ်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ ယနေ့ ဗိုလ်လုပွဲစဉ်မှာ အဖွင့်ဂိုးကို ဒန်နီရယ် စတာရစ်ခ်ျရဲ့ သွင်းဂိုးဖြင့် လီဗာပူးက စတင်ရရှိပြီး ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

play
play


ပွဲကစားချိန် ၃၅ မိနစ်မှာ ဆီဗီလာ ဂိုးဧရိယာအစပ်ကနေ ကော်တင်ဟိုရဲ့ ပေးပို့မှုမှတစ်ဆင့် စတာရစ်ခ်ျက လှပစွာ သွင်းယူခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန် ပြီးဆုံးချိန်အထိ လီဗာပူးက ၁-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။

play


ဒုတိယပိုင်း ပွဲကစားချိန် ပြန်လည် စတင်ပြီး ချက်ချင်းဆိုသလို ဆီဗီလာက ချေပဂိုး ရရှိသွားခဲ့ပါတယ်။ ဆီဗီလာအတွက် ချေပဂိုးကို ကီဗင် ဂမ်မီရိုက မာရီယာနိုရဲ့ ပေးပို့မှုကနေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

play


ပွဲကစားချိန် ၆၄ မိနစ်မှာတော့ ဆီဗီလာအတွက် အနိုင်ဂိုးကို ကုတ်ခ်က လီဗာပူး ဂိုးဧရိယာအစပ်ကနေ သွင်းယူခဲ့ပါတယ်။ ဆက်လက်ပြီး ပွဲကစားချိန် မိနစ် ၇၀ မှာ ကုတ်ခ်ကပဲ ဆီဗီလာအတွက် ဒုတိယအနိုင်ဂိုးကို ထပ်မံ သွင်းယူခဲ့ပါတယ်။ 

play


အင်္ဂလန် ပရီးမီးယားလိဂ်မှ လီဗာပူးနဲ့ လက်ရှိ ချန်ပီယံ စပိန် လာလီဂါအသင်း ဆီဗီလာတို့ရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်ကို ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ