International Sports: နောက်ဆုံးပွဲမှာ မျက်ရည်ကျခဲ့ရတဲ့ ဂွါဒီယိုလာ

ဂွါဒီယိုလာအတွက် ဘိုင်ယန်မြူးနစ်နည်းပြဘဝ နောက်ဆုံးပွဲစဉ် ဖြစ်ပါတယ်။

play

 

ဘိုင်ယန်မြူးနစ်အသင်းက ဒေါ့မွန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ဂျာမန်ပိုကယ်ဖလား ဗိုလ်လုပွဲအပြီးမှာ နည်းပြဂွါဒီယိုလာက သည်းသည်းထန်ထန် ငိုကြွေးပြီး သူ့ရဲ့ ကစားသမားတွေကို နှုတ်ဆက်ခဲ့ပါတယ်။

play

 

ဒီဗိုလ်လုပွဲဟာ ဂွါဒီယိုလာအတွက် ဘိုင်ယန်မြူးနစ်နည်းပြဘဝ နောက်ဆုံးပွဲစဉ်ဖြစ်ခဲ့တာကြောင့်ပါ။

play

 

ဗိုလ်လုပွဲစဉ်မှာ မိနစ်ကိုးဆယ် ပြည့်ရုံသာမက အချိန်ပို ကစားပြီးတဲ့ အချိန်ထိ ဂိုးမသွင်းနိုင်ခဲ့ကြလို့ ပင်နယ်တီကန်ရာမှာ ဘိုင်ယန်မြူးနစ်က ၄-၃ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

play

 

ဒေါ့မွန်အတွက်တော့ပိုကယ်ဖလားဗိုလ်လုပွဲ နောက်ဆုံးသုံးကြိမ်ဆက်တိုက် ရှုံးခဲ့တဲ့စံချိန်ကိုရသွားပြီး ၂၀၁၃ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း ဘိုင်ယန်မြူးနစ်ကို ရှုံးခဲ့ပါသေးတယ်။

play

 

ဒီပွဲပြီးတာနဲ့ မကြာခင်မှာ မန်စီးတီးအသင်းကို ဂွါဒီယိုလာ ရောက်လာတော့မှာဖြစ်ပါတယ်။ ဗိုလ်လုပွဲပြီးတဲ့နောက် ဂွါဒီယိုလာက ငိုကြွေးခဲ့ပြီး ကစားသမားတစ်ဦးချင်းစီကိုလည်း ဝမ်းနည်းစွာ လိုက်လံ နှုတ်ဆက်နေခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ