International Sports: စပိန်ဘုရင့်ဖလားကို ဘာစီလိုနာ ၂၈ ကြိမ်မြောက် ရရှိ

ယခုနှစ် ဘောလုံးရာသီ စပိန်ဘုရင့်ဖလားကို ရရှိခဲ့ခြင်းမှာ ဘာစီလိုနာအတွက် စပိန်ဘုရင့်ဖလားကို ၂၈ ကြိမ်မြောက် ဆွတ်ခူးရရှိမှု ဖြစ်လာခဲ့ပါတယ်။

play


၂၀၁၆ စပိန်ဘရင့်ဖလား ဗိုလ်လုပွဲကို ယနေ့ (မေလ ၂၃ ရက်) နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာအသင်းက ဆီဗီလာကို အချိန်ပိုသွင်းဂိုးများဖြင့် အနိုင်ယူပြီး ဆုဖလား ရရှိသွားပါတယ်။

play


ဗိုလ်လုပွဲစဉ်မှာ နှစ်သင်းလုံး အပြန်အလှန် တိုက်စစ်ဆင်ကစားခဲ့ပေမဲ့ သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံးချိန်အထိ ဂိုးမရှိ သရေရလဒ်သာ ဖြစ်ခဲ့ပါတယ်။

play


ပထမပိုင်း ပွဲကစားချိန် ၃၆ မိနစ်မှာ ဘာစီလိုနာ နောက်ခံလူ မာရှေယာနို တိုက်ရိုက် အနီကတ်ဖြင့် အထုတ်ခံခဲ့ရပါတယ်။ ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ ဆီဗီလာ ကစားသမား ဘန်နီဂါလည်း တိုက်ရိုက် အနီကတ်ဖြင့် အထုတ်ခဲ့ခဲ့ရပါတယ်။

play


သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံးချိန်အထိ ဂိုးမရှိ သရေရလဒ် ဖြစ်ခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ အချိန်ပို ပထမပိုင်း ပွဲကစားချိန် ၉၇ မိနစ်မှာတော့ မက်ဆီရဲ့ ပေးပို့လိုက်တဲ့ ဘောလုံးကို ဂျိုဒီ အယ်လ်ဘာက ဆီဗီလာ ဂိုးဧရိယာအတွင်း ပြေးဝင်ရယူကာ အဖွင့်ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။

play


အချိန်ပို ဒုတိယပိုင်း ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲချိန်ပြည့်ပြီး နာကျင်အချိန်ပိုအရောက် ၁၂၁ မိနစ်မှာ ဆီဗီလာ ကစားသမား ကာရီကို အနီကတ်ဖြင့် အထုတ်ခံခဲ့ရပါတယ်။

play


ဆီဗီလာ ကစားသမား အထုတ်ခံရပြီးနောက် ပွဲကစားချိန် ၁၂၂ မိနစ်မှာ မက်ဆီက ဆီဗီလာ ဂိုးဧရိယာထဲအထိ ထိုးဖောက်လာခဲ့ပြီး ဘယ်ခြမ်းမှ ပြေးဝင်လာတဲ့ နေမာထံ ဘောလုံးပေးပို့ခဲ့ရာ နေမာက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပြီး ဘာစီလိုနာအသင်း ဒုတိယအနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီ စပိန်ဘုရင့်ဖလားကို ရရှိခဲ့ခြင်းမှာ ဘာစီလိုနာအတွက် အဆိုပါ ဆုဖလားကို ၂၈ ကြိမ်မြောက် ဆွတ်ခူးရရှိမှုလည်း ဖြစ်လာခဲ့ပါတယ်။
Source & Photo: Daily Mail, BBC

ပွဲစဉ် ဗီဒီယို ကောက်နုတ်ချက် ကြည့်ရှုရန် - http://bit.ly/243z5S5

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ