International Sports: ချန်ပီယံဖြစ်ပြီးနောက် အနမ်းမိုးရွာပြီး အောင်ပွဲခံတဲ့ မက်ဆီ

ဘာစီလိုနာအသင်းက ဖလားနှစ်လုံး ချန်ပီယံဖြစ်ခဲ့ပါတယ်။

play

 

စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းက ဆီဗီးလ်အသင်းကိုအနိုင်ရရပြီးနောက် နှစ်နှစ်ဆက်တိုက် ချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပွဲအပြီးမှာ ဘာစီလိုနာ အသင်းကြယ်ပွင့် ကစားသမား မက်ဆီက ဇနီးသည်နဲ့ သားငယ်ကို ကွင်းထဲခေါ်ပြီးအောင်ပွဲခံခဲ့တာတွေ့ရပါတယ်။

play

 

ဗိုလ်လုပွဲမှာ မိနစ် ၉၀ ပြည့်တဲ့အထိ နှစ်ဖက်လုံး ဂိုးမသွင်းနိုင်ခဲ့ကြလို့ အချိန်ပို ဆက်ကစားရမှာ ဘာစီလိုနာက နှစ်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အချိန်ပိုစတင်ကစားပြီး ၇ မိနစ်မှာ အယ်လ်ဘာက အဖွင့်ဂိုးသွင်းကာ ၁၂၀ မိနစ်မှာ နေမာက ဒုတိယဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

play

 

မက်ဆီက ကွင်းထဲမှာပဲ ဇနီးသည်ဖြစ်သူဆီ အနမ်းမိုးရွာပြီး အောင်ပွဲခံခဲ့ပါသေးတယ်။ မက်ဆီအပြင် ဆွာရက်ဇ်၊ နေမာ စတဲ့ အခြားသော ကစားသမားတွေလည်း သားသမီးတွေ၊ မိသားစုတွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။ ဒီပွဲမှာပဲ အသင်းတိုက်စစ်မှူး ဆွာရက်ဇ် ဒဏ်ရ ရသွားခဲ့ပြီး ဘယ်လောက် အနားယူရမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ