International Sports: အင်္ဂလန်၏ဂိုးမှာ လူကျွံဘောဖြစ်ကြောင်း စမတ်ဖုန်းနှင့် သက်သေပြခဲ့သည့် တူရကီနည်းပြ

အင်္ဂလန်က တူရကီကို

play

 

အင်္ဂလန်က တူရကီအသင်းကို အနိုင်ရတဲ့ပွဲစဉ်မှာ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ တူရကီအသင်းနည်းပြဟာ စမတ်ဖုန်းနည်းပညာ အကူအညီနဲ့ ဒိုင်ကို စောဒကတက်ဖို့ ကြိုးစားခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ အသင်းနည်းပြအဖွဲ့ထိုင်တဲ့ ဧရိယာထဲမှာ ဘောလုံးပွဲနဲ့ပတ်သတ်ပြီး စမတ်ဖုန်းသုံးခွင့် မရှိတာကြောင့် ဖုန်းသာ အသိမ်းခံရမလို ဖြစ်ခဲ့ရပါတယ်။

play

 

ပွဲစပြီါ် သုံးမိနစ်မှာတင် သွင်းယူခဲ့တဲ တိုက်စစ်မှူး ဟာရီကိန်းရဲ့ဂိုးဟာ လူကျွံနေတယ်ဆိုပြီး တူရကီအသင်းနည်းပြ တယ်ရင်က စောဒက တက်ခဲ့တာဖြစ်ပါတယ်။ ဂိုးပေးလိုက်ရပြီး တစ်မိနစ်အကြာမှာ တူရကီနည်းပြအဖွဲ့က စမတ်ဖုန်းအကူအညီနဲ့ ဒီဂိုးဟာ လူကျွံဂိုးဖြစ်တယ်ဆိုပြီး သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် နည်းပြတယ်ရင်က ကွင်းဘေးမှာ ရှိနေတဲ့ စတုတ္ထဒိုင်ဆီသွားပြီး စောဒက တက်ဖို့ ကြိုးစားခဲ့တာပါ။

play

 

စတုတ္ထဒိုင်က နည်းပြတယ်ရင်ပြထားတဲ့ စမတ်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖုန်းကို သိမ်းယူဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

play

 

ဒါပေမယ့် တယ်ရင်က လျှင်လျှင်မြန်မြန်ပဲ ဖုန်းကို ပြန်လည်လုယူပြီး သိမ်းဆည်းထားလိုက်ပါတယ်။ အဲဒီပွဲစဉ်မှာ အင်္ဂလန်လန်က ပွဲပြီးခါနီး တိုက်စစ်မှူး ဗာဒီသွင်းယူတဲ့ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

play

 

၂၀၁၄ ခုနှစ်တုန်းကလည်း အီကွေဒေါပွဲစဉ်တစ်ခုမှာ ကွင်းဘေးနည်းစနစ်ထိုင်ခုံဧရိယာအတွင်း ဖုန်းသုံးခဲ့တဲ့ နည်းပြတစ်ဦးကို ကွင်းထဲက ထုတ်ပယ်ခဲ့ဖူးပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ