International Sports: မကြာခင် ဘာစီလိုနာအသင်းကြီးကို ရောက်လာတော့မယ့် ကိုရီးယားမက်ဆီ နှစ်ဦး

ဘာစီလိုနာအသင်းရဲ့ လူငယ်စီမံကိန်းက ပေါ်ထွက်လာတဲ့ ကစားသမားနှစ်ဦးဖြစ်ပါတယ်။

play

 

ဘာစီလိုနာအသင်း လူငယ်စီမံကိန်းက မွေးထုတ်လိုက်တဲ့ လူငယ်ကစားသမားနှစ်ဦးဟာ ကိုရီးယားမက်ဆီလို့ အမည်ပြောင်ခေါ်ကာ ချီးကျူးခံနေရပြီး မကြာခင်ဘာစီလိုနာ အသင်းကြီးကို ရောက်လာဖို့ ရှိနေပါတယ်။

play

 

ဆောင်ဟိုပိုက်နဲ့ ဆောင်ဝူးလီလို့ အမည်ရတဲ့ ကိုရီးယားလူငယ်ကစားသမားနှစ်ဦးအနက် ပိုက်က ဘာာစီလိုနာအသင်းကို လွန်ခဲ့တဲ့ နှစ်နှစ်က ရောက်ရှိလာတာ ဖြစ်ပါတယ်။ လီကတော့ ၂၀၁၁ ခုနှစ်မှာ အသင်းကိုရောက်လာပြီး တောင်ကိုရီးယား ယူ-၁၃ အသင်းမှာ ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပိုက်က ယခုအခါ လူငယ်အသင်းကိုစွန့်ခွာပြီး စီနီယာအသင်းမှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။ လီကတော့ ဘာာစီလိုနာ (ခ) အသင်းမှာ ကစားနေတာ တစ်နှစ်ကြာမြင့်သွားပါပြီ။ ပိုက်ကတော့ မက်ဆီလိုပဲ လူကောင်သေးပေမယ့် အလိမ်အခေါက်ကစားရာမှာ အလွန်ကျွမ်းကျင်သူ ဖြစ်ပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ