International Sports: အိုလံပီယာကော့စ်တိုက်စစ်မှူး အလန်ပူလီဒို ပြန်ပေးဆွဲခံရ

ပူလီဒို ပြန်ပေးဆွဲခံရတဲ့ မက္ကစီကိုနယ်စပ်ရှိ Tamaulipas ပြည်နယ်ဟာ ရာဇဝတ်မှုအထူပြောဆုံးနဲ့ အကြမ်းဖက်မှု အများဆုံး ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။

play


မက္ကစီကို ဘောလုံးကစားသမား အလန်ပူလီဒို ပြန်ပေးဆွဲခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ စနေနေ့ (မေလ ၂၈ ရက်) သန်းခေါင်ကျော် တနင်္ဂနွေနေ့ (မေလ ၂၉ ရက်) နေ့အကူးမှာ ပါတီတစ်ခုမှအပြန် ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ဆိုပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂရိ ဘောလုံးကလပ် အိုလံပီယော့စ်မှာ ကစားနေသူဖြစ်ပြီး မက္ကစီကို လက်ရွေးစင်မှာလည်း ပွဲစဉ်အချို့ ပါဝင်ကစားခဲ့ပါတယ်။

play


မက္ကစီကိုဟာ ကမ္ဘာပေါ်မှာ ပြန်ပေးဆွဲမှု အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေပြီး အစိုးရက ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ နှစ်စဉ် လူ ၁,၀၀၀ ပြန်ပေးဆွဲခံရတာ ဖြစ်ပါတယ်။ ဝေဖန်သူတွေရဲ့ အဆိုအရ အမှန်တကယ် နှစ်စဉ် ပြန်ပေးဆွဲခံရသူ အရေအတွက်မှာ အစိုးရက ထုတ်ပြန်မှုထက် ၁၀ ဆအထိ ပိုများနိုင်ကြောင်းလည်း သိရပါတယ်။

play


မက္ကစီကို ပြည်တွင်းသတင်းတွေရဲ့ အဆိုအရ ပူလီဒိုဟာ ချစ်သူ မိန်းကလေးနဲ့အတူ စနေနေ့ညဥ့်နက်ပိုင်းမှာ ပါတီပွဲတစ်ခုမှအပြန် ကားရပ်နားရာနေရာမှာ ၎င်းတို့ကားကို ထရပ်ကားအချို့က ပိတ်ဆို့ထားခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသား ၆ ဦးက ပူလီဒိုကို ဆွဲခေါ်သွားပြီး ၎င်းရဲ့ချစ်သူ မိန်းကလေးကို ကားရပ်နားရာနေရာမှာ ထားရစ်ခဲ့ကြောင်း သိရပါတယ်။

play


တိုက်စစ်မှူး ပူလီဒို ပြန်ပေးဆွဲခံရတဲ့ မက္ကစီကိုနယ်စပ်ရှိ Tamaulipas ပြည်နယ်ဟာ ရာဇဝတ်မှုအထူပြောဆုံးနဲ့ အကြမ်းဖက်မှု အများဆုံး ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။ အမေရိကန်ကို မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှု လမ်းကြောင်းလည်းဖြစ်ပြီး လတ်တလော သီတင်းပတ်များအတွင်း လူပေါင်းဒါဇင်နဲ့ချီ အသတ်ခံခဲ့ပါတယ်။

ပြန်ပေးဆွဲခံရတဲ့ တိုက်စစ်မှူးပူလီဒိုဟာ ယမန်နှစ် ဇူလိုင်လက အိုလံပီယာကော့စ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ယခု ပြီးဆုံးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းအတွက် ၁၅ ပွဲကစားပြီး ၆ ဂိုးသွင်းယူခဲ့ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ