International Sports: ပြန်ပေးဆွဲခံ မက္ကစီကို ဘောလုံးကစားသမားကို ကယ်တင်နိုင်ခဲ့

တနင်္ဂနွေနေ့ည သန်းခေါင်းယံမတိုင်မီမှာ ပူလီဒိုကို ပြန်လည် ကယ်တင်နိုင်ခဲ့ပါတယ်။

play


ပြန်ပေးဆွဲခံရတဲ့ ဘောလုံးကစားသမား အလန်ပူလီဒိုကို မက္ကစီကို လုံခြုံရေးတပ်ဖွဲ့ ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ယနေ့ (မေလ ၃၀ ရက်) ပြောကြားပါတယ်။ ပူလီဒိုကို ပြန်ပေးသမားတွေက ပါတီပွဲမှအပြန်မှာ ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး ပြန်ပေးဆွဲခံရပြီး နာရီအတန်ကြာမှာ လုံခြုံရေးတပ်ဖွဲ့က ပြန်လည် ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

play


ပူလီဒိုဟာ မက္ကစီကိုလက်ရွေးဟောင်းဖြစ်ပြီး လက်ရှိမှာ ဂရိကလပ်အသင်း အိုလံပီယာကော့စ်မှာ ကစားနေပါတယ်။ ၎င်းနေထိုင်ရာ Tamaulipas ပြည်နယ်မှာ ရာဇဝတ်မှုထူပြောပြီး အကြမ်းဖက်မှုတွေ ဖြစ်လေ့ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

play

ဒေသစံတော်ချိန် တနင်္ဂနွေနေ့ (မေလ ၂၉ ရက်) သန်းခေါင်းယံမတိုင်မီမှာ ပူလီဒိုကို ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း Tamaulipas ပြည်နယ်အစိုးရက ပြောကြားခဲ့ပေမဲ့ အသေးစိတ် သတင်းအချက်အလက်တွေကိုတော့ ထုတ်ပြန်ပြောကြားခဲ့ခြင်း မရှိပါဘူး။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ