International Sports: ယူရိုပြိုင်ပွဲတွင် အင်္ဂလန်ပရိသတ်များကို အကြမ်းဖက်တိုက်ခိုက်ရန် အိုင်အက်စ်အစီအစဉ် ဆွဲထား

အင်္ဂလန်အသင်း ကစားတဲ့ ပွဲစဉ်မှာ အသေခံဖောက်ခွဲမှု ပြုလုပ်ဖို့ စီစဉ်ထားတာပါ။

play

 

လာမယ့် ယူရို၂၀၁၆ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ ပွဲစဉ်ကစားတဲ့အခါ အိုင်အက်စ်အဖွဲ့ဝင် အသေခံဖောက်ခွဲရေးသမားတွေက တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့ အကြမ်းဖက်မှုအပြီး နောက်ဆက်တွဲ ဖမ်းဆီးခဲ့တဲ နောက်ကွယ်က ကြိုးကိုင်အစီအစဉ်ချခဲ့သူ ဆာလက်အဒက်စလမ်ကိုဖမ်းဆီးရမိတဲ့အချိန်မှာ ရဲတပ်ဖွဲ့က သိခဲ့ရတာဖြစ်ပါတယ်။

play

 

ဖမ်းဆီးရမိခဲ့သူ အကြမ်းဖက်သမားရဲက ကွန်ပျူတာထဲမှာ ဘောလုံးပွဲအတွင်း ဒီလိုအကြမ်းဖက်မှုကို လုပ်ဆောင်ဖို့ အစီအစဉ် ရေးဆွဲထားတာဖြစ်ပါတယ်။ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်နဲ့ ရုရှားပွဲစဉ် ကစားတဲ့အခါ အင်္ဂလန်ပရိသတ်တွေကို ပစ်မှတ်ထားပြီး အသေခံဖောက်ခွဲမှု ပြုလုပ်ဖို့ စီစဉ်ထားတာကို ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လာမယ့်ယူရိုပြိုင်ပွဲမှာ အင်္ဂလန်ပရိသတ်တွေအနေနဲ့ တရားဝင်ပရိသတ်နယ်မြေအတွင်းက ထွက်သွားပြီး အခြားနေရာတွေမှာ အန္တရာယ်ဖြစ်မယ့်အရေးကို ဗြိတိန်လုံခြုံရေး အကြီးအကဲတွေက စိုးရိမ်နေပါတယ်။ လုံခြုံရေးကိစ္စအတွက် ပြင်သစ်အာဏာပိုင်တွေနဲ့အတူ တင်းတင်းကြပ်ကြပ်ပူးပေါင်းကိုင်တွယ်နေတယ်လို့ လုံခြုံရေးဌာနက  အကြီးအကဲ တစ်ဦးက The Sun သတင်းဌာနကို ပြောကြားပါတယ်။

play

 

မကြာခင် ပြင်သစ်မှာ ကျင်းပတော့မယ့် ယူရိုပြိုင်ပွဲဟာ  အကြမ်းဖက်တိုက်ခိုက်ခံရနိုင်ချေရှိတဲ့အတွက် လုံခြုံရေး တင်းတင်းကျပ်ကျပ်ကိုင်တွယ်လျှက်ရှိပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ