International Sports: ကိုပါအမေရိက ပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမား (၇) ဦး

, updated

ဘရာဇီး၊ အာဂျင်တီးနား၊ မက္ကဆီကို တို့ပါဝင်ဦးမယ့် ဒီနှစ်ကိုပါအမေရိက ပြိုင်ပွဲက နှစ်တစ်ရာပြည့်လည်း ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

 

လာမယ့် ဇူလိုင်လမှာ ကျင်းပမယ့် ကိုပါအမေရိကပြိုင်ပွဲကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံသွားမှာ ဖြစ်ပြီး အသင်းပေါင်း ၁၆ သင်းပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ တောင်အမေရိကတိုက်က ဘရာဇီး၊  အာဂျင်တီးနားတို့အပါအဝင် အသင်းပေါင်း ၁၀  သင်းပါဝင်မှာဖြစ်ပြီး ကွန်ကာကက်ဖ်ဇုန်က အမေရိကန်၊ မက္ကဆီကိုတို့အပါအဝင် အသင်း ၆ သင်းပါဝင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဥရောပဘောလုံးရာသီအတွင်း ထိပ်သီးအသင်းတွေမှာ ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးတွေကို ဒီပြိုင်ပွဲမှာ ပြန်လည်မြင်တွေ့ရဦးမှာပါ။ လာမယ့်ပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမား ၇ ဦး ရှိပါတယ်။

၁။ အဂူရို (အာဂျင်တီးနား)

play

 

အာဂျင်တီးနားအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့ အဂူရိုပျက်ကွက်နေဆဲဖြစ်ပါတယ်။ အသင်းမှာ မက်ဆီရှိနေတာကြောင့်လည်း အဂူရိုရဲ့ခြေစွမ်းဟာ ထင်သလောက် မတောက်ပနိုင်ဖြစ်နေတာပါ။ ဒီနှစ်တော့ အဂူရိုခြေစွမ်းပြပြီး ဂိုးသွင်းအများဆုံး စာရင်းထဲပါမလား စောင့်ကြည့်ရမှာပါ။

၂။ ကားလို့စ်ဘက်ကာ (ကိုလံဘီယာ)

play

 

ဆီဗီးလ်အသင်းမှာ ခြေစွမ်းပြပြီးတဲ့နောက် အေစီမီလန်ကို ရောက်ရှိသွားသူပါ။ ပြီးခဲ့တဲ့ ရာသီမှာ အေစီမီလန် အဆင့်-၇ သာရခဲ့ပေမဲ့ ဘက်ကာကတော့ ၁၈ ဂိုးအထိ သွင်းနိုင်ခဲ့တာပါ။ ကိုလံဘီယာနဲ့အတူ ကိုပါအမေရိကမှာ ဘယ်လောက်ခြေစွမ်းပြနိုင်မလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

၃။ လူးဝစ္စဆွာရက်ဇ် (ဥရုဂွေး)

play

 

ဘာစီလိုနာအသင်းအတွက် ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဂိုး ၄၀ ကျော်အထိ သွင်းယူခဲ့သူဖြစ်ပါတယ်။ ဆွာရက်ဇ်ရဲ့ ခြေစွမ်းအတောက်ပဆုံးနှစ်ဖြစ်ခဲ့တာကြောင့် ဥရုဂွေးအတွက် ဒီနှစ် ကိုပါအမေရိက ဖလားပြိုင်ပွဲက အားတက်စရာပါ။

၎။ ဆန်းချက်ဇ် (ချီလီ)

play

 

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ်အတွက် ဆန်းချက်ဇ် ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ခြေစွမ်းမပြနိုင်တဲ့ကြားထဲက ၁၃ ဂိုးအထိ သွင်းယူခဲ့ပါသေးတယ်။ အခု ချီလီလက်ရွေးစင် အသင်းနဲ့ ကိုပါအမေရိကမှာ ဘယ်လောက်အောင်မြင်မှု ရမလဲ ကြည့်ရဦးမှာပါ။

၅။ အန်နာ ဗလန်စီယာ (အီကွေဒေါ)

play

 

ပြီးခဲ့တဲ့ရာသီမှာ ဝက်စ်ဟမ်းရဲ့ တိုက်စစ်အတွက် အားကိုးခဲ့ရတဲ့ ကစားသမား ဖြစ်ပါတယ်။ အီကွေဒေါ အသင်းအတွက်လည်း ၂၄ ပွဲကစားပြီး ၁၄ ဂိုးသွင်းယူထားသူပါ။

၆။ ဟာနန်ဒက်ဇ် (မက္ကဆီကို)

play

 

ဘွန်ဒက်စ်လီဂါမှာ လေဗာကူဆင် အသင်းအတွက် ၁၇ ဂိုး သွင်းယူခဲ့ပြီး စတုတ္ထဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ လေဗာကူဆင်က ခြေစွမ်းကောင်းတွေ လေဗာကူဆင်အတွက်ရော ပါလာမလား စောင့်ကြည့်ရမှာပါ။

၇။ ကာကာ (ဘရာဇီး)

play

 

ဘရာဇီးလက်ရွေးစင်အတွက် ပြန်လည်ပါဝင်လာသူကတော့ အော်လန်ဒိုစီးတီးအသင်းရဲ့ ကစားသမား ကာကာဖြစ်ပါတယ်။ ဒေါက်ဂလက်စ်နေရာမှာ အစားထိုးခေါ်ယူခဲ့တာပါ။ ရော်နယ်ဒို၊ မက်ဆီတို့ပဲ ဘလွန်းဒီအော်ဆုကို တစ်လှည့်စီရချိန်မတိုင်ခင်က ကာကာက ဒီဆုကို နောက်ဆုံးရရှိခဲ့တာဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ