International Sports: ဘာစီလိုနာ ကစားသမား အဲဗက်စ် ဂျူဗင်တပ် ရောက်တော့မည်

, updated

ဆွေးနွေးမှု နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။

play

 

ဘာစီလိုနာအသင်း ကစားသမား ဒန်နီရယ်လ်အဲဗက်စ်ကို ခေါ်ယူဖို့ ဂျူဗင်တပ်အသင်း ဆွေးနွေးရာမှာ အောင်မြင်ဖို့လမ်းကြောင်းပေါ် ရောက်နေပြီလို့ အသင်းဒါရိုက်တာ မာရော့တက ပြောကြားပါတယ်။

play

 

ဘာစီလိုနာအသင်းနဲ့  အဲဗက်စ်က တစ်နှစ်စာချုပ် ကျန်ရှိသေးပေမဲ့ ဒီနှစ်နွေရာသီမှာပဲ အဲဗက်စ်ကို ဂျူဗင်တပ်အသင်း ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။ အဲလ်ဗက်စ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃.၅ သန်းလောက်ကုန်ကျဖို့ ရှိပေမဲ့ ဂျူဗင်တပ်အသင်းခေါ်ယူမယ်ဆိုရင် ဘာစီလိုနာက စာချုပ်ဖျက်ပြီး ခေါ်ယူခွင့်ပေးဖို့ ရှိပါတယ်။ ပြောင်းရွှေ့ကြေး ဆုံးရှုံးမှာဖြစ်ပေမဲ့ ဘာစီလိုနာအသင်းက အဲဗက်စ်ကို ပေးချေရတဲ့ လစာငွေ လျော့နည်းသွားမှာပါ။

play

 

အဲလ်ဗက်စ်နဲ့ ဂျူဗင်တပ်ဆွေးနွေးမှုက နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီဆိုတာ အသင်းဒါရိုက်တာ မာရော့တာက အတည်ပြုပေးခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ