International Sports: ကင်မရွန်းနဲ့ပွဲမှာ အလှဆုံး ဂိုးသွင်းခဲ့တဲ့ ပြင်သစ်လက်ရွေးစင် ပေယက်

, updated

ပေယက်က နောက်ဆုံးမိနစ်မှာ ဖရီးကစ်ကတစ်ဆင့် လှလှပပ ဂိုးသွင်းယူခဲ့တာပါ။

play

 

ပြင်သစ်နဲ့ ကင်မရွန်းအသင်းတို့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် အနိုင်ဂိုးကို ဝက်စ်ဟမ်းအသင်းကစားသမား ပေယက်က အလွတ်တည်ကန်ဘောကတစ်ဆင့် သွင်းယူသွားနိုင်ခဲ့ပါတယ်။ အလွတ်တည်ကန်ဘောကို ပေယက်အခုလို သွင်းနိုင်ခဲ့ပြီးတဲ့နောက် အသင်းဂန္တဝင်ကစားသမား ဇီဒန်းရဲ့နေရာကို ဆက်ခံတော့မယ့်သူအဖြစ် မီဒီယာတွေက ချီးကျူးရေးသားကြပါတယ်။

play

 

ခြေစမ်းပွဲစဉ်မှာ ပြင်သစ်အသင်းက ကင်မရွန်းအသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီလိုဂိုးမျိုး တစ်ကြိမ်သွင်းဖူးပြီးသွားပြီဆိုရင်တော့ နောက်ထပ်နှစ်ကြိမ်၊ သုံးကြိမ်ကစလို့ အကြိမ်ကြိမ်သွင်းယူဖို့ ယုံကြည်ချက်ရှိသွားပြီလို့ ပေယက်က ပွဲအပြီးမှာပြောပါတယ်။ ဝက်စ်ဟမ်းအသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြနိုင်ခဲ့ပြီးတဲ့နောက် ပေယက်က ပြင်သစ်လက်ရွေးစင်အသင်းနဲ့ လာမယ့် ယူရို ၂၀၁၆ ပွဲမှာ ပါဝင်ကစားရမှာဖြစ်ပါတယ်။

ကိုက် ၃၀ အကွာက လှမ်းကန်ခဲ့တဲ့ ပေယက်ရဲ့ အလွတ်တည်ကန်ဘောဟာ တစ်နာရီကို ၄၈ မိုင်နှုန်းပြင်းအားရှိခဲ့ပြီး ၁.၃ စက္ကန့်သာ ကြာမြင့်ခဲ့ပါတယ်။ လာမယ့် ယူရိုပြိုင်ပွဲမှာ ပြင်သစ်က အိမ်ရှင်အဖြစ် ကစားရမှာဖြစ်ပြီး အုပ်စုအတွင်းမှာ အယ်လ်ဘေးနီးယား၊ ဆွစ်ဇာလန်တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေလို့ အောင်မြင်ဖို့ ရေပန်းစားနေတဲ့ အသင်းဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ