International Sports: ယူရိုပြိုင်ပွဲမတိုင်ခင် ကမ်းခြေမှာ အနားယူနေတဲ့ ရော်နယ်ဒို

ရွက်လှေပေါ်မှာ သူငယ်ချင်းတစ်သိုက်နဲ့ နေပူဆာလှုံရင်း ရော်နယ်ဒိုက ဗလတွေ ထုတ်ကြွားလျှက်ရှိပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားပြီးတဲ့နောက် နားရက်ရနေတဲ့ ကစားသမားရော်နယ်ဒိုဟာ စပိန်နိုင်ငံက အီဘစ်ဇာကျွန်းကလေးပေါ်မှာ အနားယူလျှက်ရှိပါတယ်။ ရော်နယ်ဒိုက မကြာခင်မှာ ပေါ်တူဂီအသင်းနဲ့ ပြန်လည်ပူးပေါင်းရမှာဖြစ်ပြီး ယူရို၂၀၁၆ ပြိုင်ပွဲကို နွှဲရဦးမှာပါ။

play

 

ရော်နယ်ဒိုနဲ့ သူငယ်ချင်းတစ်သိုက်က အပန်းဖြေကျွန်းအနီးက ရွက်လှေပေါ်မှာ ကြွက်သားအလှပြပြီး နေပူစာ လှုံနေကြတာဖြစ်ပါတယ်။ အသလက်တီကိုမက်ဒရစ်အသင်းကို အနိုင်ရခဲ့ပြီးတဲ့နောက် ရော်နယ်ဒိုက ကစားသမားဘဝတစ်လျှောက် သုံးကြိမ်မြော်ကချန်ပီယံလိဂ် ဆုဖလားကို ရရှိခဲ့သူပါ။

play

 

အချိန်သိပ်မရတဲ့ ဒီအပန်းဖြေခရီးပြီးရင်တော့ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းက ယူရို ၂၀၁၆ ပြိုင်ပွဲ အုပ်စုအတွင်းမှာ သြစတြီးယား၊ ဟန်ဂေရီ၊ အိုက်စလန်းတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ