International Sports: ယူရို ၂၀၁၆ ပြိုင်ပွဲနဲ့ လွဲချော်သွားတဲ့ နာမည်ကျော် ၁၁ ယောက်

ကလပ်အသင်းမှာ ခြေစွမ်းပြထားပေမယ့် လက်ရွေးစင်အသင်းမှာ မပါဝင်ခဲ့လို့ ယူရိုပြိုင်ပွဲနဲ့ လွဲမယ့် နာမည်ကျော် ကစားသမား ၁၁ ဦးရှိပါတယ်။

play

 

ပြင်သစ်မှာ ကျင်းပမယ့် ယူရို ၂၀၁၆ ပြိုင်ပွဲကို လာမယ့် ဇွန်လ ၁၀ ရက်နေ့မှာ စတင်ကျင်းပတော့မှာပါ။ လက်ရွေးစင် အသင်းအသီးသီးလည်း နောက်ဆုံး ကစားသမားစာရင်းကို ရွေးချယ်ပြီးပြီဖြစ်ပါတယ်။

ကလပ်အသင်းတွေမှာ ခြေစွမ်းပြနိုင်ပေမယ့် လက်ရွေးစင်အသင်းတွေမှာ ပါမလာတဲ့ နာမည်ကျော် ကစာသမား ၁၁ ဦးရှိပါတယ်။

၁။ ကီဗင်ထရက် (ဂိုးသမား - ပီအက်စ်ဂျီ/ ပြင်သစ်)

play

 

ပီအက်စ်ဂျီအသင်းနဲ့ လက်စွမ်းပြခဲ့ပြီး ၂၅ ပွဲတိတိ ပေးဂိုးမရှိအောင် စွမ်းဆောင်ခဲ့ပေမယ့် ပြင်သစ်လက်ရွေးစင် စာရင်းမှာ ပါမလာခဲ့ပါဘူး။

လော်ဗရန် ( နောက်တန်း - လီဗာပူး/ ခရိုအေးရှား)

play

 

လီဗာပူးနဲ့အတူ ပွဲထွက်စာရင်းမှာ အမြဲတမ်းပါဝင်ခဲ့ပေမယ့် ခရိုအေးရှားနည်းပြအပါအဝင် တစ်သင်းလုံးနဲ့ ဆက်ဆံရေး အဆင်မပြေလို့ ချန်ထားခဲ့သူပါ။

ဆန်းဒရို့စ် ( နောက်တန်း - ဂရက်စ်ဟော်ပါ/ ဆွစ်ဇာလန်)

play

 

အာဆင်နယ်နောက်ခံကစားသမားဟောင်းဖြစ်ပြီး ဂရက်စ်ဟော်ပါအသင်းမှာ အဓိကနောက်ခံလူ ဖြစ်နေပေမယ့် လက်ရွေးစင်စာရင်းမှာ မပါခဲ့ပါဘူး။

မာတီနက်ဇ် ( နောက်တန်း - ဘိုင်ယန်မြူးနစ်/ စပိန်)

play

 

ဘိုင်ယန်မြူးနစ်အတွက် ၂၇ ပွဲတိတိ ကစားခဲ့ပေမယ့် စပိန်လက်ရွေးစင်အဖြစ်ကနေ ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။

ဒရင့်ခ်ဝါးတား ( ကွင်းလယ် - လက်စတာ/  အင်္ဂလန်)

play

 

လက်စတာနဲ့ ခြေစွမ်းပြပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ဒရင့်ခ်ဝါးတားကို အင်္ဂလန်လူစာရင်းမှာ မရွေးခဲ့တဲ့ အတွက် နည်းပြရိုင်းဟော့ဆန် ဝေဖန်ခံခဲ့ရပါတယ်။

ဘင်အာဖာ ( ကွင်းလယ် - နိုက်စ်/ ပြင်သစ်)

play

 

နိုက်စ်အသင်းမှာ ပြီးခဲ့တဲ့ရာသီအတွင်း ၃၆ ပွဲကစားပြီး ၁၈ ဂိုးသွင်းခဲ့ပေမယ့် ပြင်သစ်အသင်းမှာ ဘင်အာဖာ ပါမလာခဲ့ပါဘူး။

ဘယ်လာရာဘီ (ကွင်းလယ် - လေဗာကူဆင်/ ဂျာမနီ)

play

 

လေဗာကူဆင်နဲ့အတူ နောက်ဆုံး ၁၆ ပွဲကစားရာမှာ ၈ ဂိုးအထိသွင်းပြီး ခြေစွမ်းပြပေမယ့် ဂျာမနီမှာ ရွေးစရာ လက်ရွေးစင် များနေတာကြောင့် ဘယ်လာရာဘီလည်း ပါမလာခဲ့ပါဘူး။

အစ္စကို ( ကွင်းလယ် - ရီးရဲလ်မက်ဒရစ်/စပိန်)

play

 

ရီးရဲလ်မက်ဒရစ်အတွက် ၄၃ ပွဲတောင် ပါဝင်ကစားခဲ့သူဖြစ်ပြီး စပိန်အသင်းရဲ့ ခြေစစ်ပွဲတွေတုန်းကလည်း ပုံမှန်ပါဝင်ခဲ့ရသူပါ။ နောက်ဆုံးစာရင်းမှာတော့ သူမပါလာခဲ့ပါဘူး။

ဘာလော့တယ်လီ (တိုက်စစ် - အေစီမီလန်/အီတလီ)

play

 

အေစီမီလန်အသင်းအတွက် ၂၃ ပွဲကစားပြီး သုံးဂိုး သာသွင်းနိုင်ခဲ့လို့ ဘာလော့တယ်လီက ခြေစွမ်းတော့ သိပ်မပြနိုင်ခဲ့ပါဘူး။ ၂၀၁၂ ယူရိုတုန်းက အီတလီအတွက် ခြေစွမ်းပြခဲ့ပေမယ့် အခုတော့ လက်ရွေးစင် စာရင်းမှာ ပါမလာခဲ့ပါဘူး။

ကော်စတာ (တိုက်စစ် - ချယ်လ်ဆီး/ စပိန်)

play

 

ပြီးခဲ့တဲ့ ရာသီမှာ ချယ်လ်ဆီးအတွက် ၁၆ ဂိုးသွင်းပြီး နောက်ဆုံး ပွဲ၂၀ အတွင်း ၁၂ ဂိုးအထိ သွင်းခဲ့သူပါ။ ဒါပေမယ့် စပိန်တိုက်စစ်မှာတော့ ပါမလာခဲ့ပါဘူး။

ဘင်ဇီမား (တိုက်စစ် - ရီးရဲလ်မက်ဒရစ်/ပြင်သစ်)

play

 

ဘင်ဇီမားက ရီးရဲလ်မက်ဒရစ်နဲ့ခြေစွမ်းပြပြီး အောင်မြင်ခဲ့ပေမယ့် ပုဂ္ဂိုလ်ရေး အရှုပ်အရှင်း အနည်းငယ် ရှိခဲ့သူပါ။ ဘန်ဇီမားမပါတဲ့ ပြင်သစ်တိုက်စစ်ကို အာဆင်နယ်တိုက်စစ်မှူး ဂျီရုဒ်ဦးဆောင်ဖွယ် ရှိပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ