International Sports: ကိုပါအမေရိကပြိုင်ပွဲကို ကာကာ လွဲချော်

ကာကာရဲ့ ကြွက်သားဒဏ်ရာ ပြန်လည်သက်သာဖို့အတွက် ရက် ၂၀ ခန့် ကြာမြင့်နိုင်ကြောင်းလည်း ဘရာဇီး ဘောလုံးအဖွဲ့ချုပ်က ဆိုပါတယ်။

play


ကိုပါအမေရိက ဘောလုံးပြိုင်ပွဲမှာ ဘရာဇီးလက်ရွေးစင် တိုက်စစ်မှူးကာကာ ဒဏ်ရာကြောင့် ပါဝင်နိုင်တော့မှာ မဟုတ်ကြောင်း သိရပါတယ်။ ကြွက်သားဒဏ်ရာကြောင့် ကိုပါအမေရိမှာ ကာကာ ပါဝင်နိုင်ခြင်း မရှိတော့ဘဲ ၎င်းရဲ့နေရာကို ကွင်းလယ်တိုက်စစ်သမား ပေါ်လိုဟင်းနရစ်ဂန်ဆိုနဲ့ အစားထိုသွားမယ်လို့ ဘရာဇီး ဘောလုံးအဖွဲ့ချုပ်က ယမန်နေ့ (ဇွန်လ ၁ ရက်) က ပြောကြားပါတယ်။

play


ကာကာရဲ့ ကြွက်သားဒဏ်ရာ ပြန်လည်သက်သာဖို့အတွက် ရက် ၂၀ ခန့် ကြာမြင့်နိုင်ကြောင်းလည်း ဘရာဇီး ဘောလုံးအဖွဲ့ချုပ်က ဆိုပါတယ်။ နှစ်တစ်ရာပြည့် ကိုပါအမေရိက ဘောလုံးပြိုင်ပွဲကို ဇွန် ၃ ရက်မှာ စတင်မှာဖြစ်ပြီး ဘရာဇီးက အီကွေဒေါနဲက ပထမဆုံးပွဲစဉ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

play


ဘရာဇီးက ပီရူး၊ ဟေတီ၊ အီကွေဒေါတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ ဘရာဇီးအသင်းမှ ကစားသမားငါးဦး ဒဏ်ရာကြောင့် ကိုပါအမေရိကပြိုင်ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ