International Sports: စပိန်တရားရုံးမှာ အမှုရင်ဆိုင်ခဲ့တဲ့ မက်ဆီ

မက်ဆီက အခွန်တိမ်းရှောင်မှုကိစ္စနဲ့ပတ်သက်လို့ ဘာမျှမသိရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။ 

play


ကမ္ဘာကျော် ဘောလုံးကစားသမား လီယွန်နယ် မက်ဆီနဲ့ ဖခင်ဖြစ်သူတို့ကို စပိန်တရားရုံးက အခွန်တိမ်းရှောင်မှုဖြင့် စစ်ဆေးကြားနာမှုအား ကြာသပတေးနေ့ (ဇွန်လ ၂ ရက်) က နောက်ဆုံးနေ့အဖြစ် ပြုလုပ်ခဲ့ပါတယ်။ မက်ဆီနဲ့ ၎င်းရဲ့ဖခင်တို့ကို မေလ ၃၀ ရက်မှစတင်ပြီး တရားရုံး စစ်ဆေးကြားနာမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play


မက်ဆီက ၎င်းရဲ့ ငွေကြေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေအပေါ် စီမံခန့်ခွဲမှုမှာ ကိုယ်တိုင် ပါဝင်ခဲ့ခြင်းမရှိကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ ၎င်းရဲ့ဖခင်ဖြစ်သူနဲ့ ငွေကြေးစီမံခန့်ခွဲမှု အကြံပေးပုဂ္ဂိုလ်တွေကို ယုံကြည်ခဲ့မှုကြောင့် ငွေကြေးပိုင်းဆိုင်ရာ စာရွက်စာတမ်းကို ဖတ်ရှုကြည့်ခြင်း မရှိဘဲ လက်မှတ်ထိုးပေးခဲ့ကြောင်း မက်ဆီက ဆိုပါတယ်။

play


မက်ဆီက အခွန်တိမ်းရှောင်မှုကိစ္စနဲ့ပတ်သက်လို့ ဘာမျှမသိရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။  မက်ဆီနဲ့ ၎င်းရဲ့ဖခင် ဂျော်ဂျီတို့ဟာ စပိန်အစိုးရကို ပေးဆောင်ရမယ့် အခွန်ငွေ အမေရိကန်ဒေါ်လာ ၄.၆ သန်းကို လိမ်လည်တိမ်းရှောင်ခဲ့မှု အစိုးရရှေ့နေတွေက ၂၀၁၃ ခုနှစ်ကတည်းက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

play


အဆိုပါ အခွန်ငွေဟာ ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း မက်ဆီရဲ့ ပုံရိပ်အသုံးပြုမှု မူပိုင်ခွင့်အတွက် ရရှိခဲ့တဲ့ ဝင်ငွေအပေါ် ပေးဆောင်ရမယ့် ပမာဏလို့ ဆိုပါတယ်။ မက်ဆီနဲ့ဖခင်ဖြစ်သူတို့ဟာ အခွန်တိမ်းရှောင်ခဲ့ကြောင်း ပြစ်မှုထင်ရှားပါက စပိန်ဥပဒေအရ ထောင်ဒဏ် ၂၂ လခွဲ ကျခံရနိုင်ပါတယ်။

play


ယခုအမှုကို လာမယ့် သီတင်းပတ်အထိ တရားရုံး ဆုံးဖြတ်ချက် ချမှတ်နိုင်ဖွယ်မရှိကြောင်း သိရပါတယ်။ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားဆုကို ငါးကြိမ်ရရှိထားပြီး ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ