International Sports: ပေါ်တူဂီနဲ့ပွဲမှာ အဆိုးရွားဆုံး ထောင့်ကန်ဘောကန်ချက် ပိုင်ဆိုင်ခဲ့တဲ့ ဟယ်ရီကိန်း

ဟယ်ရီကိန်းရဲ့ခြေစွမ်းက ပွဲအပြီးမှာ ဝေဖန်ချင်စရာ ဖြစ်ခဲ့ပါတယ်။

play

 

အင်္ဂလန်နဲ့ ပေါ်တူဂီအသင်းကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်း ကန်တင်ခဲ့တဲ့ ထောင့်ကန်ဘောဟာ အဆိုးရွားဆုံး ထောင့်ကန်ဘောတွေထဲ တစ်ခုအပါအဝင် အဖြစ် ပါဝင်သွားခဲ့ပါတယ်။ ခြေစမ်းပွဲစဉ်မှာ အင်္ဂလန်အသင်းက စမောလင်းရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

play

 

ခြေစမ်းပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ အင်္ဂလန်သင်းရဲ့ တိုက်စစ်ကစားပုံဟာလည်း ဝေဖန်ခံခဲ့ရပါသေးတယ်။ အသင်းတိုက်စစ်မှာ ဟယ်ရီကိန်းနဲ့ ဗာဒီတို့ အချိတ်အဆက်မမိပဲ ခြေစွမ်းမပြနိုင်ခဲ့တဲ့ အတွက် ပြိုင်ဘက်အသင်းကို ဂိုးပေါက်ခြိမ်းခြောက်မှုမှာ အားနည်းခဲ့ရပါတယ်။

 

ပွဲချိန် ၂၄ မိနစ်မှာ ရတဲ့ ထောင့်ကန်ဘောကို ဟယ်ရီကိန်းက ကန်တင်ရာမှာ ဘောလုံးဟာ ဂိုးရှေ့ကို မရောက်တဲ့အပြင် ဟယ်ရီကိန်း ရည်ရွယ်ပြီး ပေးတဲ့ကစားသမားထံကိုပါ မရောက်ပဲ မြေလှိမ့်ဘောအနေနဲ့ ပေါ်တူဂီအသင်း ကစားသမားထံကိုသာ ရောက်ရှိသွားတာဖြစ်ပါတယ်။

play

 

ပွဲအပြီးမှာ ဟယ်ရီကိန်းရဲ့ခြေစွမ်းဟာ ပွဲအပြီးမှာ ဝေဖန်စရာ ဖြစ်ခဲ့ရပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ