International Sports: ခွေးချစ်တဲ့ ကမ္ဘာကျော် ဘောလုံးသမား (၇) ဦး

ဘောလုံးသမားတွေနဲ့ သူတို့ခွေးတွေကြားထဲက သံယောဇဉ်ကို ဓာတ်ပုံတွေထဲမှာ တွေ့နိုင်ပါတယ်။

play

 

ကမ္ဘာကျော်ဘောလုံးသမားတိုင်းရဲ့ ပြင်ပလူနေမှု ဘဝဟာ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ အထူးသဖြင့် ဘောလုံးပွဲတွေနဲ့ ဝေးဝေးနေတဲ့အချိန်၊ လေ့ကျင့်ရေး အစီအစဉ်တွေ မရှိတဲ့

အချိန်မှာ သူတို့ဘယ်လို အချိန်တွေကို ကုန်ဆုံးပစ်ကြလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

ကမ္ဘာကျော် ဘောလုံးသမားတွေထဲမှာလည်း ခွေးချစ်သူတွေ များစွာရှိပါတယ်။ အချို့ဆိုရင် ခွေးတွေနဲ့ ပူးပူးကပ်ကပ်နေလွန်းပြီး သူတို့ရဲ့ မိတ်ဆွေတစ်ယောက်လိုတောင် ဖြစ်နေပါသေးတယ်။

၁။ ဆန်းချက်ဇ် (အာဆင်နယ်)

play

 

ခွေးတွေနဲ့ ပတ်သတ်ပြီး ဆန်းချက်ဇ်ပြောဖူးတာကတော့ တိရိစ္တာန်တွေဟာ ဘာစကားမှ မပြောပဲနဲ့ သူတို့ရဲ့ စေတနာနဲ့ သစ္စာရှိမှုကို ပြသတတ်သူတွေပါတဲ့။

play

 

၂။ အိုဇေးလ် (အာဆင်နယ်)

play

 

အိုဇေးလ်ကတော့ ကလေးဘဝတုန်းက ခွေးကြောက်တတ်ခဲ့သူဖြစ်ပါတယ်။ အခုတော့ အိမ်မှာ ခွေးနက်ကလေး တစ်ကောင်မွေးထားပြီး ဘယ်လ်ဘောင်လို့ နာမည်ပေးထားပါတယ်။

play

 

၃။ ဘယ်လာရင် (အာဆင်နယ်)

play

 

ထူးထူးခြားခြား အာဆင်နယ်ကစားသမား ဘယ်လာရင်လည်း ခွေးချစ်တတ်သူတစ်ယောက်ပါ။ ဘယ်လာရင်က အာဆင်နယ် ကစားသမားဆိုတော့ သူ့ရဲ့အချစ်တော် ခွေးကြီးလည်း အာဆင်နယ်ဂျာစီပဲ ဝတ်ရပါတယ်။

play

 

၎။ မက်ဆီ (ဘာစီလိုနာ)

play

 

မက်ဆီကတော့ ဒီပါပီလေးကို သူ့ရဲ့ဇနီးသည်ဖြစ်သူ အန်တိုနယ်လာထံက လက်ဆောင် ရရှိထားတာဖြစ်ပါတယ်။ မက်ဆီရဲ့ချစ်သူကလည်း ခွေးချစ်တတ်သူဖြစ်ပြီး သူမမွေးထားတဲ့ ခွေးနှစ်ကောင် ရှိပါတယ်။

၅။ စမောလင်း (မန်ယူ)

play

 

စမောလင်းရဲ့ ခွေးကလေးကတော့ သူ့ရဲ့သခင်ကို အလွန်ခင်တွယ်သူပါ။ အသင်းနဲ့အတူ လေ့ကျင့်ရေးကွင်းသွားရတော့မယ့် စမောလင်းကို ကားပေါ်ကို မျှော်ကြည့်ပြီး ကျန်နေရစ်ခဲ့ပုံကို ကြည့်ရင် သိနိုင်ပါတယ်။

play

 

၆။ ရိုဒရီဂွက်ဇ် (ရီးရဲလ်မက်ဒရစ်)

 

ရိုဒရီဂွက်ဇ်ကလည်း ခွေးချစ်သူတစ်ဦးဖြစ်ပြီး ခွေးတွေနဲ့အတူ ဓာတ်ပုံရိုက်ရတာလည်း ဝါသနာအတော်ပါသူပါ။ သူ့ထံမှာ ရွှေရောင်အမွှေးတွေပိုင်ဆိုင်ထားတဲ့ ခွေးကလေးတစ်ကောင်နဲ့ အခြားတစ်ကောင် ရှိပါတယ်။

play

 

၇။ နေမာ (ဘာစီလိုနာ)

play

 

နေမာလည်း ဘယ်လောက် ခွေးချစ်တတ်တဲ့ ဘောလုံးသမားလည်းဆိုတာ အင်စတာဂရမ်ပေါ်က ဓာတ်ပုံတွေကြည့်ရင် သိနိုင်ပါတယ်။

play

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ