International Sports: ဂျက်စတင်ဘီဘာနဲ့ နေမာ ဘောလုံးစွမ်းရည်အပြိုင် ပြသ

ပေါ့စတား အဆိုတော် ဂျက်စတင်ဘီဘာနဲ့ နေမာ အပြင်မှာတွေ့ပြီး ဘောလုံးစွမ်းရည် အပြိုင်ပြခဲ့ကြတာပါ။

play

 

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား စာရင်းထဲမှာပါဝင်တဲ့ နေမာတစ်ဦးတည်း ဘောလုံးစွမ်းရည် ပြသမယ်ဆိုရင်တော့ သိပ်အံ့သြစရာမရှိပါဘူး။ ဒါပေမယ့် ဘောလုံးလောကထဲက မဟုတ်တဲ့ ပေါ့စတား အဆိုတော် ဂျက်စတင်ဘီဘာနဲ့ နေမာတို့ နှစ်ဦးသားပေါင်းပြီး ဘောလုံးစွမ်းရည်ပြသတာကတော့ ထူးခြားနေပါတယ်။

play

 

play

 

နေမာက လောလောဆယ် အနားရနေသူဖြစ်ပြီး မြောက်အမေရိကဘက်မှာ ခရီးတွေနေသူဖြစ်ပါတယ်။ ဒါကြောင့် ဂျက်စတင်ဘီဘာနဲ့ နေမာတို့တွေ့ဆုံခဲ့ကြချိန်မှာ နှစ်ဦးသား ဘောလုံးစွမ်းရည် ပြသခဲ့တာပါ။ ပေါ့စတားအဆိုတော် ဂျက်စတင်ဘီဘာက ဒီဗီဒီယိုဖိုင်ကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ပြီး ပရိသတ်တွေကို ဝေမျှခဲ့တာဖြစ်ပါတယ်။

ှဗီဒီယိုဖိုင်ထဲမှာတော့ နေမာက ဘောလုံးစွမ်းရည်ကို ထင်သလောက်မပြသနိုင်ခဲ့ပါဘူး။ ဂျက်စတင်ဘီဘာကတော့ အဆိုတော ဖြစ်ပေမယ့် နေမာနဲ့ အပေးအယူမျှအောင် စွမ်းရည် ပြနိုင်ခဲ့ပါတယ်။ ဂျက်စတင်ဘီဘာဟာ မေဝဲလ်သာနဲ့လည်း ရင်းနှီးသူဖြစ်ပြီး ဘောလုံးပွဲ ဝါသနာပါသူလည်း ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ