International Sports: မက်ဆီကို ခေါ်ယူရန် မန်ယူ နှစ်ကြိမ်တိတိ ကမ်းလှမ်းထားဟု ဆို

မက်ဆီနဲ့ ဘာစီလိုနာအသင်းစာချုပ်က ၂၀၁၈ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

play

 

လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံပြန်ဖြစ်ဖို့ ကြိုးစားနေတဲ့မန်ယူအသင်းက ဘာစီလိုနာအသင်း ကြယ်ပွင့်ကစားသမား မက်ဆီကို အံ့အားသင့်ဖွယ် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် သုံးပတ်အတွင်းမှာ မန်ယူအသင်းက နှစ်ကြိမ်တိတိ မက်ဆီကို ဝယ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

play

 

မက်ဆီနဲ့ ဘာစီလိုနာအသင်း စာချုပ်က ၂၀၁၈ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ မန်ယူအသင်းက နည်းပြသစ်မော်ရင်ဟိုကို ခန့်အပ်ပြီးနောက်လာမယ့်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် သို့မဟုတ် ချန်ပီယံလိဂ်ဖလား အောင်မြင်မှု ပြန်ယူဖို့ မျှော်လင့်ချက်ထားနေတာပါ။

play

 

လက်ရှိ အသင်းဒုဥက္ကဌဝုဒ်ဝက်လက်ထက်မှာ မန်ယူအသင်းက နာမည်ကျော်ကစားသမားတွေကို ခေါ်ယူရာမှာ အောင်မြင်မှု ရလေ့ရှိပြီး ပြီးခဲ့တဲ့ နှစ်ကလည်း ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး မူလာကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါသေတးယ်။ မက်ဆီအပြောင်းရွှေ့သာ ဖြစ်လာခဲ့ရင် ကမ္ဘာ့ပြောင်းရွှေ့ကြေး စံချိန်တင်ထားတဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ဂါရက်ဘေးလ်ရဲ့ စံချိန်ကို ကျော်ဖြတ်သွားမှာ ဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ သောကြာနေ့မှာ မက်ဆီနဲ့ နီးစပ်သူ သတင်းရင်းမြစ်တစ်ခုဘက်ကတော့ အပြောင်းအရွှေ့မဖြစ်လာနိုင်ဘူးဆိုတာကို ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ