International Sports: ကိုပါအမေရိက ပွဲဦးထွက်မှာ ကိုလံဘီယာက အမေရိကန်ကို အနိုင်ရ

ကိုပါအမေရိက ဒုတိယပွဲစဉ်တွေအဖြစ် ကိုလံဘီယာက ပါရာဂွေးနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အမေရိကန်က ကော်စတာရီကာနဲ့ ကစားရမှာ ဖြစ်ပါတယ်။

play


ဇွန်လ ၄ ရက် နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါအမေရိက ဘောလုံးပြိုင်ပွဲ အုပ်စု (A) ပွဲဦးထွက်ပွဲစဉ်မှာ ကိုလံဘီယာက အမေရိကန်ကို နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ကိုလံဘီယာအတွက် အဖွင့်ဦးဆောင်ဂိုးကို ပွဲစပြီးမကြာမီ ၈ မိနစ်မှာ နောက်ခံကစားသမား ဇက်ပါတာက သွင်းယူခဲ့ပါတယ်။

play


ကိုလံဘီယာအသင်း ထောင့်ကန်ဘော ရရှိခဲ့တာကို အက်ဒ်ဝင် ကာဒိုနာက ကန်တင်လိုက်ရာ အမေရိကန် နောက်ခံလူတွေကြားမှ ဇက်ပါတာက မြေမကျဘောအဖြစ် ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

play


ပထမပိုင်း ပွဲကစားချိန် ၄၁ မိနစ်မှာ ကိုလံဘီယာ ကစားသမားက ဂိုးဧရိယာအတွင်း ကန်တင်လိုက်တဲ့ ဘောလုံးက အမေရိကန်နောက်ခံလူ ယက်ဒ်လင်ရဲ့ လက်နဲ့ထိသွားခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီပြစ်ဒဏ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

play


အဆိုပါ ပင်နယ်တီကို ဂျိမ်းစ် ရိုဒရီဂွက်က ကန်သွင်းယူခဲ့ပြီး ကိုလံဘီယာအတွက် ဒုတိယအနိုင်ဂိုး ရရှိခဲ့ပါတယ်။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် ကစားသမားတွေက ကန့်ကွက်အငြင်းပွားခဲ့ပါတယ်။

play


ဒုတိယပိုင်း ပွဲကစားချိန်မှာတော့ တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ကိုပါအမေရိက အုပ်စု (A) ဒုတိယပွဲစဉ်တွေအဖြစ် ကိုလံဘီယာက ပါရာဂွေးနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အမေရိကန်က ကော်စတာရီကာနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ကိုပါအမေရိက ဘောလုံးပြိုင်ပွဲ သက်တမ်းဟာ ယခုနှစ်မှာ နှစ်တစ်ရာပြည့်မြောက်ခဲ့ပါတယ်။
ဘောလုံးပွဲ Highlight ဗီဒီယိုကြည့်ရှုရန် - www.facebook.com/duwun/videos/583309245164509
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ