International Sports: အုပ်စုအဖွင့်ပွဲမှာ ဘရာဇီးသရေကျပြီး ပီရူးနိုင်ပွဲရ (ကိုပါအမေရိက ဒုတိယနေ့ ပွဲစဉ်များ)

, updated

ဘရာဇီးမှာ နာမည်ကျော် ကစားသမားအချို့ မပါဝင်နိုင်ခဲ့ပါဘူး။

play

 

အမေရိကန်မှာ ကျင်းပနေတဲ့ ကိုပါအမေရိကပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ပြီးတဲ့နောက် နာမည်ကျော် ဘရာဇီးက အီကွေဒေါအသင်းနဲ့ ဂိုးမရှိသရေရလဒ်သာ ကစားနိုင်ခဲ့ပါတယ်။ မြန်မာစံတော်ချိန် ဇွန်လ ၅ ရက်နေ့အစောပိုင်းပွဲစဉ်တွေ သုံးပွဲ ကစားရာမှာ နှစ်ပွဲက အနိုင်အရှုံးအဖြေမထွက်ပဲ ပီရူးတစ်သင်းသာ  နိုင်ပွဲရခဲ့ပါတယ်။

play

 

နာမည်ကျော်က ကစားသမားတွေကို လက်လွှတ်ထားရတဲ့ ဘရာဇီးဟာ ဒီပွဲမှာ ဝီလျံ၊ ဂျိုးနက်စ်တို့ကိုသာ တိုက်စစ်အတွက် အားကိုးခဲ့ရပါတယ်။ ဒါပေမဲ့လည်း တိုက်စစ်ပိုင်းဟာ အီကွေဒါကို တစ်ဂိုးသွင်းဖို့တောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အီကွေဒေါဘက်က ဘရာဇီးကို ပွဲချိန် ၆၆ မိနစ်မှာ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမဲ့ ဒီဂိုးမရခင် ဘောလုံးက စည်းကျော်နေခဲ့တယ်ဆိုပြီး စည်းကြပ်ဒိုင်က ခွင့်မပြုခဲ့ပါဘူး။ ဘရာဇီးဘက် ဝီလျံဒဏ်ရာရပြီး ထွက်သွားခဲ့ရသလို တစ်မှတ်သာ ရပြီး ပွဲပြီးဆုံးခဲ့ရတာပါ။

play

 

ဘရာဇီးနဲ့ အုပ်စုအတူတူ ဖြစ်တဲ့ အုပ်စု(ခ) အခြားပွဲစဉ်မှာတော့ ပီရူးအသင်းက ဟေတီကို တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒုတိယပိုင်းမှာ ပီရူးကစားသမား ဂွါရီယိုသွင်းယူတဲ့ ဂိုးနဲ့ သုံးမှတ်အပြည့်ရပြီး အုပ်စုကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

play

 

အဖွင့်ပွဲ ပွဲကျန်ဖြစ်တဲ့ ကော်စတာရီကာနဲ့ ပါရာဂွေးတို့ ပွဲစဉ်လည်း ဂိုးမရှိသရေနဲ့သာ ပြီးဆုံးခဲ့ပြန်ပါတယ်။ နှစ်ဖက်အသင်းရဲ့ တိုက်စစ်က ဂိုးပေါက်ခြိမ်းခြောက်မှုတွေဟာ အတော်လေး အားလျော့နေခဲ့တာတွေ့ရပါတယ်။ ဒီပွဲသရေကျခဲ့လို့ အဖွင့်ပွဲမှာ အမေရိကန်ကို အနိုင်ရခဲ့တဲ့ ကိုလံဘီယာက  အုပ်စုကို ဦးဆောင်နေပြီဖြစ်ပါတယ်။

Source : Gaol/ ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ