International Sports: ဗင်ဒီဆယ်နဲ့ ရိုက်ရှင်ရိုက်နေတဲ့ တိုက်စစ်မှူး နေမာ

တိုက်စစ်မှူးနေမာက ဟောလီးဝုဒ်ဘက် ခြေဦးလှည့်နေပါပြီ။

play

 

ဘာစီလိုနာအသင်း ကြယ်ပွင့်ကစားသမား နေမာက အောင်မြင်နေတဲ့ဘောလုံးသမား တစ်ယောက်အဖြစ် မတင်းတိမ်နိုင်ပဲ ဟောလီးဝုဒ်သရုပ်ဆောင် လောကကိုပါ ခြေချနေပြီဖြစ်ပါတယ်။ မင်းသား ဗင်ဒီဆယ်ပါဝင်ပါမယ့် xXx ရုပ်ရှင် ဇာတ်ကားမှာ နေမာက ပါဝင်သရုပ်ဆောင်နေတာပါ။

play

 

ဒီအကြောင်းကို ခေါင်းဆောင်မင်းသား ဗင်ဒီဆယ်ကိုယ်တိုင် အင်စတာဂရမ်ကတဆင့် ကြေငြာခဲ့တာဖြစ်ပါတယ်။ xXx ဇာတ်ကားဟာ ၂၀၀၂ ခုနှစ်ကတည်းက စတင်ထွက်ရှိခဲ့တာဖြစ်ပြီး အခု နောက်ထပ်ဇာတ်လမ်းတစ်ခုအနေနဲ့ အသစ်ထပ်မံ ထွက်ရှိဦးမှာပါ။

play

 

xXx The Return of Xander လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားထဲမှာ နေမာက ဘယ်လိုဇာတ်ကောင်နေရာက သရုပ်ဆောင်နေသလဲဆိုတာတော့ မသိရသေးပါဘူး။ ဒီဇာတ်ကားထဲမှာ Fast and Furious ဇာတ်ကားနဲ့ နာမည်ကျော်တဲ့ မင်းသားဗင်ဒီဆယ်အပြင် ဟောင်ကောင်အက်ရှင်မင်းသား ဒွန်နီယန်လည်း ပါဝင်ထားကြောင်း သိရပါတယ်။

ှSource : pzimedia

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ