International Sports: အုပ်စုအဖွင့်ပွဲမှာ အာဂျင်တီးနားအတွက် နိုင်ပွဲယူပေးတဲ့ ဒီမာရီယာ

, updated

မက်ဆီမပါပေမဲ့ အုပ်စုအဖွင့်ပွဲမှာ အာဂျင်တီးနား နိုင်ပွဲရခဲ့ပါတယ်။

play

 

မေလ ၇ ရက်နေ့မနက်အစောပိုင်း ကစားခဲ့တဲ့ ကိုပါအမေရိကဖလား အုပ်စုပွဲစဉ်မှာ အာဂျင်တီးနားအသင်းက ချီလီကို နိုင်ပွဲရပြီး အုပ်စုကို ဦးဆောင်လိုက်ပါတယ်။ အခွန်ကိစ္စနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရတဲ့ မက်ဆီမပါခဲ့ပေမဲ့ အာဂျင်တီနားက ချီလီကို ၂-၁ ဂိုးနဲ့ အနိုင်ရအောင် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားပွဲမတိုင်ခင် ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ပနားမားက ဘိုလီဗီယားအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရပြန်ပါတယ်။ အာဂျင်တီးနား တိုက်စစ်မှာ မက်ဆီမပါခဲ့ပေမဲ့ ဟီဂူအင်၊ ဒီမာရီယာတို့ရဲ့ တိုက်စစ်က အလုပ်ဖြစ်ခဲ့ပါတယ်။ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပေမဲ့ ဒုတိယပိုင်းပြန်စပြီး ၅၁ မိနစ်မှာ ဒီမာရီယာက သွင်းယူပေးခဲ့တာပါ။ နောက်ထပ် ၈ မိနစ်အကြာမှာ အာဂျင်တီးနားနောက်ချန်တိုက်စစ်မှူး ဘန်နီဂါက ဒုတိယဂိုး သွင်းပေးခဲ့တာဖြစ်ပါတယ်။

play

 

ပွဲပြီးဆုံးခါနီး နာကျင်အချိန်ပိုမှာ ချီလီအတွက် တစ်လုံးတည်းသေ ချေပဂိုးကို လူစားဝင်လာတဲ့  ဖွန်ဇာလီဒါက သွင်းယူပေးခဲ့တာပါ။ အုပ်စု (D) ပထမပွဲစဉ်တွေအပြီးမှာ အာဂျင်တီနားနဲ့ ပနားမားက နိုင်ပွဲအသီးသီးရပြီး ရမှတ်အတူတူနဲ့ အုပ်စုကို ဦးဆောင်နေခဲ့ပြီဖြစ်ပါတယ်။

ပွဲစဉ် Highlight ကြည့်ရှုရန် လင့်ခ်

https://www.facebook.com/duwun/videos/584411945054239/?__mref=message_bubble

Source : Goal/ ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ