International Sports: အင်္ဂလန်ဘောလုံးသမားများ၏ ချစ်သူနှင့်မိသားစုဝင်များကို အကြမ်းဖက်သမားများ ပစ်မှတ်ထားဖွယ်ရှိ

အင်္ဂလန်ဘောလုံးသမားတွေနဲ့ မိသားစုဝင်တွေအတွက် လုံခြုံရေး တိုးမြှင့်ချသွားမယ်လို့ ဆိုပါတယ်။

play

 

မကြာခင် ကျင်းပတော့မယ့် ယူရို ၂၀၁၆ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းကစားသမားတွေရဲ့ ချစ်သူဇနီးမိသားစုဝင်တွေကို အကြမ်းဖက်သမားတွေက ပစ်မှတ်ထား တိုက်ခိုက်ဖွယ် ရှိတယ်လို့ သတင်းတွေက သတိပေးထားပါတယ်။

play

 

ပြင်သစ်မှာ အကြမ်းဖက်သမားအန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေကို ရင်ဆိုင်နေရပြီး ယူရို ၂၀၁၆ ကိုရောက်လာမယ့် နာမည်ကျော် ပုဂ္ဂိုလ်တွေအတွက် စိတ်မချရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန်ကစားသမား မိသားစုဝင်တွေနဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့အကြားက သဘောတူညီမှုအရ ဘောလုံးသမားတွေရဲ့ ချစ်သူဇနီးနဲ့ မိသားစုဝင်တွေအားလုံးကို လုံခြုံစိတ်ချရတဲ့ လျှို့ဝှက်အိမ်ရာ၊ သို့မဟုတ် ဟိုတယ်တစ်ခုမှာ လျှို့ဝှက်စွာထားဖို့ စီစဉ်ထားကြပါတယ်။

play

 

ဒါ့အပြင် အင်္ဂလန်အသင်းကိုသာမက မိသားစုဝင်တွေကိုလည်း ကာကွယ်ပေးဖို့ လုံခြုံရေးတွေ ငှားရမ်းထားကြောင်း သိရပါတယ်။ ဘောလုံးသမားတွေရဲ့ ချစ်သူနဲ့ မိသားစုဝင်အချို့က ပြင်သစ်ကို လိုက်ပါပြီး ပွဲစဉ်တွေ အားပေးကြမှာဖြစ်ပေမယ့် အသင်းတည်းခိုမယ့် ဟိုတယ်ကိုတော့ ဝင်ခွင့်မပေးထားပါဘူး။

play
အင်္ဂလန်လက်ရွေးစင် တောင်းဆန့်၏ ချစ်သူ

 

စိုးရိမ်ရတဲ့ လုံခြုံရေး အခြေအနေကြောင့် ဘောလုံးသမားတွေရဲ့ ချစ်သူတွေနဲ့ မိသားစုတွေကို စမတ်ဖုန်းသုံးတဲ့အခါသူတို့ဘယ်ရောက်နေတယ်၊ ဘာလုပ်နေတယ်ဆိုတာတွေ လူမှုကွန်ယက်မှာ မတင်ကြဖို့ FA ကတောင်းဆိုထားပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ