International Sports: ကွယ်လွန်သွားတဲ့ အဘွားဖြစ်သူကို တမ်းတခဲ့တဲ့ ဒီမာရီယာ

အာဂျင်တီးနားအတွက် အဖွင့်ဂိုးသွင်းအပြီးမှာ ဒီမာရီယာက အဘွားအတွက် ရည်စူးအောက်မေ့ခဲ့တာပါ။

play

 

ယနေ့မနက်က ယှဉ်ပြိုင်ခဲ့တဲ့ ကိုပါအမေရိကဖလား ပွဲစဉ်မှာ ဒီမာရီယာက အသင်းအတွက် အဖွင့်ဂိုး သွင်းပြီးနောက် အောင်ပွဲခံချိန်မှာ ကွယ်လွန်သွားတဲ့ အဘွားဖြစ်သူအတွက် ရည်းစူးပြီး အောင်ပွဲခံခဲ့ကြောင်း သိရပါတယ်။

play

 

ဒီမာရီယာရဲ့ အဘွားဖြစ်သူဟာ ကိုပါအမေရိကပွဲ မတိုင်ခင် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ပွဲကစားနေစဉ်အတွင်း အာဂျင်တီးနား ပရိသတ်အချို့က အရန်ခုံမှာ  ထိုင်နေတဲ့ မက်ဆီရဲ့ နာမည်ကိုသာ အော်ဟစ်ပြီး အားပေးခဲ့ကြပေမယ့် တကယ်တမ်းမှာ ဒီမာရီယာနာမည်ကိုသာ အားပေးအော်ဟစ်ခဲ့သင့်ကြောင်း မီဒီယာအချို့က ဝေဖန်ရေးသားကြပါတယ်။

play

 

အဆိုပါပွဲစဉ်မှာ အာဂျင်တီနားအသင်းက ဒီမာရီယာရဲ့ အဖွင့်ဂိုး အပါအဝင် ၂-၁ ဂိုးနဲ့ ချီလီကိုအနိုင်ရခဲ့တာဖြစ်ပါတယ်။ "ကျွန်တော်အဘွားကို အမြဲလွမ်းနေမှာပါ" ဆိုတဲ့ စာသားပါ တီရှပ်ကို ကိုင်မြှောက်ကာ ဒီမာရီယာက အဘွားဖြစ်သူအတွက် ရည်စူးဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ ပွဲအပြီး အင်တာဗျူးမှာလည်း ဒီမာရီယာက အဘွားဖြစ်သူအကြောင်း ပြောရင်း ငိုကြွေးခဲ့ပါသေးတယ်။

play

 

အာဂျင်တီးနားနဲ့ ချီလီအသင်း ပွဲမစခင် နာရီပိုင်းအလိုမှာ ဒီမာရီယာရဲ့ အဘွားဖြစ်သူ ကွယ်လွန်သွားခဲ့တာပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ