International Sports: ယူရို ပြိုင်ပွဲမတိုင်မီ ပြင်သစ်တွင် လုံခြုံရေး အမြင့်ဆုံး အဆင့်သတ်မှတ်ထား

, updated

လာမယ့် ယူရိုပြိုင်ပွဲကာလအတွင်း ပြင်သစ်မှာ အကြမ်းဖက်တိုက်ခိုက်ခံရဖို့ အမြင့်ဆုံး အခြေအနေကို ရောက်နေပါတယ်။

play

 

ပြင်သစ်မှာ ဇွန်လ ၁၀ ရက်နေ့ကစပြီး ကျင်းပတော့မယ့် ယူရို ၂၀၁၆ ပြိုင်ပွဲအတွက် ပြင်သစ်အာဏာပိုင်တွေက လုံခြုံရေးကို အမြင့်ဆုံးအဆင့်ထိ သတိပေးထားလိုက်ပါတယ်။ ပါရီမှာ ကျင်းပမယ့် အဖွင့်ပွဲကစပြီး ပရိသတ်တွေအများဆုံး ရှိနေကြမယ့် ဘောလုံးကွင်းအနီး နေရာတွေ၊ ဘားတွေနဲ့ စားသောက်ဆိုင်တွေအနီးမှာ တင်းကျပ်တဲ့ လုံခြုံရေး အစီအမံတွေ ရှိနေမှာ ဖြစ်ပါတယ်။

play

 

 ဒါပေမဲ့ ဥရောပတစ်လွှားကို အရှေ့အလယ်ပိုင်းက ဒုက္ခသည်တွေ နေ့စဉ်နဲ့အမျှ ဝင်ရောက်နေတာကြောင့် ပါရီရဲ့ လုံခြုံရေး ပြဿနာဟာ စိတ်ချလက်ချ အခြေအနေမဟုတ်သေးပါဘူး။ ဒါ့အပြင် ဒီပြိုင်ပွဲကို ပစ်မှတ်ထား တိုက်ခိုက်ဖို့အတွက် ဂျာမနီလို နိုင်ငံမျိုးတွေမှာ အသွင်ယူပြီး ကာလကြာရှည် ကြိုတင်စောင့်နေမယ့် အကြမ်းဖက်သမားတွေ ရှိနိုင်ကြောင်း ပြင်သစ်အကြမ်းဖက် နှိမ်နှင်းရေးရဲတပ်ဖွဲ့က သတိပေးပါတယ်။

play

 

ယခုတစ်ပတ်အတွင်းမှာပဲ ပြင်သစ်ကို ဥရောပတစ်လွှားက ပရိသတ် သန်းပေါင်းများစွာ ရောက်လာကြမှာဖြစ်ပါတယ်။ အာဏာပိုင်တွေ ပူးပေါင်းပြီး လမ်းမတွေထက်မှာ အရာရှိထောင်ပေါင်းများစွာ အသုံးပြုမယ်လို့ ပြောထားပါတယ်။ အင်္ဂလန်အသင်းကလည်း ကိုယ်ပိုင် လက်နက်ကိုင် လုံခြုံရေး အရာရှိတွေ ထားရှိမှာ ဖြစ်ပါတယ်။

Source : Express

Photos : Getty

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ