International Sports: ကိုလံဘီယာကို ကွာတားဖိုင်နယ် တက်စေခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်

, updated

ကိုပါအမေရိက ကွာတားဖိုင်နယ်ကို ပထမဆုံး တက်ရောက်နိုင်တဲ့အသင်းဖြစ်လာပါတယ်။

play

 

မေလ ၈ ရက်နေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါအမေရိကဖလား ပွဲစဉ်အပြီး ကိုလံဘီယာက ဥရုဂွေးကို အနိုင်ရခဲ့ပြီးတဲ့နောက် နောက်တစ်ဆင့် တက်ရောက်ဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။ အသင်းကစာသမား ဘက်က၊ ရိုဒရီဂွက်ဇ်တို့ ဂိုးတွေနဲ့ အတူ ကိုလံဘီယာအသင်းက ဥရုဂွေးကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီး အုပ်စုပထမနေရာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။

play

 

ကိုပါအမေရိကအသင်းတွေထဲမှာ ကိုလံဘီယာအသင်းက ၁၆ သင်းရှုံးထွက်အဆင့်ကို ပထမဆုံးတက်ရောက်နိုင်တဲ့ အသင်းဖြစ်လာပါတယ်။ ကိုလံဘီယာပွဲမတိုင်ခင် ကစားခဲ့ကြတဲ့ အိမ်ရှင်အမေရိကန်နဲ့ ကော်စတာရီကာတို့ပွဲစဉ်မှာ အိမ်ရှင်က လေးဂိုးပြတ်အနိုင်ရပြီး ပထမဆုံးနိုင်ပွဲ ရယူလိုက်ပါတယ်။ ဒီနိုင်ပွဲကြောင့် အမေရိကန်အသင်းက နောက်ပွဲ သရေကစားနိုင်ပြီဆိုရင် နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းတော့မှာဖြစ်ပါတယ်။

play

 

ကိုလံဘီယာပါဝင်တဲ့ အုပ်စု (က) မှာ အမေရိကန်အသင်းက သုံးမှတ်ရထားပြီး ပါရာဂွေးနဲ့ ကော်စတာရီကာအသင်းက တစ်မှတ်စီသာ ရထားတာဖြစ်ပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အမေရိကန်က ကော်စတရီကာကို အနိုင်ရပြီဆိုရင် ကိုလံဘီယာနဲ့အတူ နောက်တစ်ဆင့်တက်ဖို့ သေချာမှာ ဖြစ်ပါတယ်။

play

 

ပါရာဂွေးအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ် ဒုတိယပိုင်းမှာ ကိုလံဘီယာအခက်တွေ့ခဲ့ရပြီး ပွဲချိန် ၇၁ မိနစ်မှာ အာယာလာ သွင်းယူလိုက်တဲ့ ချေပဂိုးကြောင့် ဂိုးကွာခြားချက် ကျဉ်းမြောင်းစွာနဲ့ အနိုင်ရခဲ့တာပါ။

အမေရိကန်ပွဲ Highlight ကြည့်ရန်

https://www.facebook.com/duwun/videos/584845585010875/

ကိုလံဘီယာပွဲ Highlight ကြည့်ရန်

https://www.facebook.com/duwun/videos/584915855003848/

Source : Goal/ Mlsoccer

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ