International Sports: အသက် ၄၀ အထိ ရိုးမားမှာ ဘောလုံးဆက်ကစားမယ့် တော့တီ

, updated

တော့တီက အသင်းနဲ့ တစ်နှစ်စာချုပ်ထပ်မံ ချုပ်ဆိုလိုက်ပါတယ်။

play

 

စီးရီးအေကလပ် ရိုးမားအသင်းက ဂန္တဝင်ကစားသမား တော့တီကို အသင်းက တစ်နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ထပ်မံ ချုပ်ဆိုလိုက်ပါတယ်။ ဒါကြောင့် တိုက်စစ်မှူး တော့တီက အသင်းမှာ အသက် ၄၀ အထိ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

play

 

၂၀၁၅-၁၆ ဘောလုံးရာသီ ပြီးဆုံးခဲ့ပြီးနောက် တော့တီက အသင်းကထွက်ဖို့ အစီအစဉ်ရှိတယ်လို့ သတင်းထွက်ခဲ့ပေမဲ့ အခုနောက်ဆုံးမှာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးနိုင်ခဲ့တာဖြစ်ပါတယ်။ တော့တီက ရိုးမားအသင်းနည်းပြ စပယ်လက်တီနဲ့ အဆင်မပြေဖြစ်နေတယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။

play

 

၁၉၈၉ ခုနှစ်မှာ ရိုးမားအသင်းကို စတင်ရောက်ရှိခဲ့စဉ်က တော့တီဟာ အသက် ၁၂ နှစ်အရွယ်သာ ရှိပါသေးတယ်။ ၁၉၉၃ ခုနှစ်မှာ အသင်းနဲ့အတူ ပွဲထွက်ခဲ့ပြီး စုစုပေါင်း ၇၅၈ ပွဲ ကစားခဲ့သူ ဖြစ်ပါတယ်။ ရိုးမား စီနီယာ ကစားသမားဘဝတစ်လျှောက်  အသင်းအတွက် ပွဲအများဆုံး ကစားသမားအဖြစ်သာမက ဂိုးအများဆုံး သွင်းထားသူအဖြစ်လည်း တော့တီက စံချိန်ရရှိထားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ