International Sports: ဘရာဇီး ဂိုးမိုးရွာပြီး အုပ်စုကို စတင်ဦးဆောင်

နောက်ဆုံးမှာ ဘရာဇီး နိုင်ပွဲရဖို့ လိုအပ်ပါသေးတယ်။

play

 

အုပ်စုအဖွင့်ပွဲမှာ ခြေချော်ပြီး သရေတစ်မှတ်သာ ရခဲ့တဲ့ ဘရာဇီးအသင်းက အုပ်စုဒုတိယပွဲစဉ်မှာတော့ ဟေတီအသင်းကို ဂိုးမိုးရွာပြီး  အနိုင်ယူလိုက်နိုင်ပါတယ်။ ဘရာဇီးပါဝင်တဲ့ အုပ်စု (ခ) မှာပဲ အီကွေဒေါနဲ့ ပီရူးတို့ ကစားခဲ့ရာမှာ သရေကျခဲ့တဲ့အတွက် ဘရာဇီးက အုပ်စုကို ဦးဆောင်နိုင်လိုက်ပြီဖြစ်ပါတယ်။

play

 

ဘရာဇီးနဲ့ ဟေတီပွဲစဉ်မှာ ဘရာဇီးအတွက် အဖွင့်ဂိုး နှစ်ဂိုးကို လီဗာပူးကစားသမား ကော်တင်ဟိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း ကော်တင်ဟိုက တစ်ဂိုးထပ်သွင်းတဲ့အတွက် ဟက်ထရစ်သွင်းဂိုး ရယူနိုင်ခဲ့ပါတယ်။ ဘရာဇီးက ပထမပိုင်းမှာသုံးဂိုး ဒုတိယပိုင်းမှာ လေးဂိုး သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ကော်တင်ဟိုအပြင် အော်ဂတ်စ်တို၊ ဂါဘရီရယ်နဲ့ လူးကပ်စ်တို့ အသီးသီး ဂိုးသွင်းခဲ့ကြတာပါ။

play

 

ဒီပွဲနိုင်ပွဲရခဲ့တဲ့အတွက် ဘရာဇီးက နှစ်ပွဲကစားလေးမှတ်ရပြီး အုပ်စုပထမနေရာကို ရောက်လာခဲ့ပါတယ်။ ဘရာဇီးပွဲအပြီး နောက်ထပ် ပွဲစဉ်မှာ အီကွေဒေါနဲ့ ပီရူးက တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ ပီရူးအသင်းက နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမဲ့ အီကွေဒေါက ချေပဂိုးတွေ ပြန်သွင်းနိုင်ခဲ့တာကြောင့် သရေရလဒ် ထွက်ခဲ့တာပါ။

play

 

နှစ်ပွဲဆက်တိုက်သရေကျခဲ့တဲ့ အီကွေဒေါအသင်းက နှစ်မှတ်ပဲရသေးပေမဲ့ နောက်ဆုံးပွဲ နိုင်ခဲ့မယ်ဆိုရင် အုပ်စုတက်ဖို့ မျှော်လင့် ရှိပါသေးတယ်။

ဘောလုံးပွဲစဉ် Highlight


Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ