International Sports: အင်စတာဂရမ်မှာ ပြိုင်ဆိုင်မှု ပြင်းထန်နေကြတဲ့ ဘောလုံးသမား ချစ်သူများ

ဘောလုံးသမားတွေက ကွင်းထဲမှာ ပြိုင်ကြသလို သူတို့ရဲ့ချစ်သူတွေကလည်း အင်စတာဂရမ်မှာ ပြိုင်ဆိုင်ကြပါတယ်။

play

 

ဇွန်လ ၁၀ ရက်နေ့မှာ စတင်မယ့် ယူရိုချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ မတိုင်ခင် ကာလတွေကတည်းက ပြိုင်ဆိုင်မှု ပြင်းထန်နေတာက ဘောလုံးသမားတွေရဲ့ ချစ်သူတွေ ဖြစ်သူတွေဖြစ်ပါတယ်။ အားလပ်ရက် ခရီးဇိမ်ခံကမ်းခြေတွေဘက် ခရီးထွက်ကြတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ အပြိုင်အဆိုင် တင်နေခဲ့ကြတာဖြစ်ပါတယ်။

အခု အင်စတာဂရမ်မှာ အပြိုင်ဓာတ်ပုံတင်နေကြတဲ့ သူတွေအားလုံးနီးပါးကို ယူရိုချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ပွဲစဉ်တွေမှာ တွေ့မြင်ကြဦးမှာဖြစ်ပါတယ်။

၁။ ဗစ်တိုးရီးယားဗာဂါ(ဗစ်ကီ)

play
play

 

အီတလီလက်ရွေးစင် ဗစ်ကီရဲ့ ချစ်သူဖြစ်ပါတယ်။ မော်ဒယ်တစ်ဦးလည်းဖြစ်သလို ဘောလုံးသမားရဲ့ ချစ်သူပီပီ အင်စတာဂရမ်မှာ ဓာတ်ပုံတင်ရတာ ဝါသနာပါလှသူဖြစ်ပါတယ်။

play

 

ပယ်လီနဲ့အတူ ချစ်သူသက်တမ်း လေးနှစ်ရှိပြီသူဖြစ်ပြီး ကမ္ဘာလှည့်ခရီးထွက်ရတာ ဝါသနာပါသူလည်း ဖြစ်ပါတယ်။

၂။ အန်းကက်သရင်း ဘရွန်မဲ

play
play

 

ဂျာမနီနဲ့အတူ ကမ္ဘာ့ဖလား ရဖူးတဲ့ လက်ရွေးစင် ဂေါ့ဇီရဲက ချစ်သူဖြစ်ပါတယ်။ ၁၆ နှစ်အရွယ်ကတည်းက မော်ဒယ်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး အဆိုတော်တစ်ဦးအဖြစ်လည်း ရပ်တည်လျှက်ရှိပါတယ်။

play

 

၂၀၁၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဂေါ့ဇီက အနိုင်ဂိုးသွင်းပြီးနောက် သူမလည်း တပါတည်း နာမည်ကျော်လာခဲ့တာပါ။

၃။ လူဇန်ကို

play
play

 

အာဆင်နယ်ဂိုးသမားဟောင်း ဆက်ဇနီရဲ့ချစ်သူ ဖြစ်ပြီး သူမလည်း အင်စတာဂရမ်မှာ ကျော်ကြားလှသူ တစ်ယောက်ဖြစ်ပါတယ်။ အခုတော့ ဆက်ဇနီက ရိုးမားအသင်းမှာ ကစားနေပြီး ယူရို ၂၀၁၆ မှာ ပိုလန်လက်ရွေးစင်အဖြစ် ပါဝင်မှာပါ။

play

 

အဆိုတော်လည်းဖြစ်သလို သီချင်းရေးဆရာလည်းဖြစ်တဲ့ သူမက ပိုလန်သူဖြစ်ပါတယ်။

၎။ နိုမီဟာပက်

play

 

ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်တုန်းက ရီးရဲလ်မက်ဒရစ်ဘက်က ချေပဂိုးသွင်းခဲ့တဲ့ အသလက်တီကို ကစားသမား ကာရက်စ်ကိုရဲ့ ဂိုးကို မှတ်မိကြဦးမှာဖြစ်ပါတယ်။

play

 

အဲဒီအချိန်မှာ ကာရက်စ်ကိုက ကွင်းဘေးရပ်ပြီး အားပေးနေတဲ့ ချစ်သူနိုမီဟာပက်ဆီ အပြေးသွားပြီး အနမ်းခြွေခဲ့တာပါ။

play

 

အဲဒီနောက်ပိုင်း နိုမီဟာပက်လည်း နာမည်ကျော်လာတော့တာပါပဲ။

၅။ ဂါစီယာအယ်မာဂရို

play

 

ပရိသတ်နဲ့ လုံးဝမိတ်ဆက်ပေးစရာ မလိုတဲ့ သူက မန်ယူနဲ့ စပိန်လက်ရွေးစင် ဂါစီယာအယ်မာဂရို ဖြစ်ပါတယ်။

play

 

 အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး စပိန်မှာ ပြုလုပ်တဲ့ X Factor ပြိုင်ပွဲမှာလည်း အနိုင်ရခဲ့ဖူးသူဖြစ်ပါတယ်။

play

 

မကြာသေးခင်ကတော့ အီတလီနိုင်ငံ၊ ရောမဘက် ခရီးထွက်ခဲ့တဲ့ ပုံတွေ အင်စတာဂရမ်မှာ တင်ခဲ့ပါသေးတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ