International Sports: ရွက်လှေပေါ်မှာ ရော်နယ်ဒိုနဲ့ ဒိတ်လုပ်ခဲ့တဲ့ ကိုလံဘီယာမော်ဒယ်

ရော်နယ်ဒိုရဲ့ အပန်းဖြေခရီးစဉ်မှာ သူတို့နှစ်ဦး ဒိတ်ခဲ့ကြတာပါ။

play

 

ယူရိုချန်ပီယံရှစ် ပြိုင်ပွဲမတိုင်ခင် စပိန်က အစ်ဘီဇာကမ်းခြေ ရွက်လှေပေါ်မှာ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုနဲ့ တွဲခုတ်နေတာ ဘယ်သူလဲဆိုတာ မီဒီယာနဲ့ ပရိသတ်တွေ အားလုံးသိချင်ခဲ့ကြပါတယ်။

play

 

 အခုတော့ ရော်နယ်ဒိုနဲ့ အကြည်ဆိုက်ခဲ့တဲ့ အမျိုးသမီးက ဘယ်သူလဲ ဆိုတာပေါ်တူဂီမီဒီယာတွေ ဖော်ထုတ်လိုက်ပါပြီ။

play

 

ဇိမ်ခံရွက်လှေပေါ်မှာ ရော်နယ်ဒိုနဲ့အတူ နီးနီးကပ်ကပ် မြင်ခဲ့တဲ့ရအမျိုးသမီးက အသက် ၂၁ နှစ်အရွယ် ကိုလံဘီယာသရုပ်ဆောင် မင်းသမီးတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

play

 

ပေါ်လာဆွာရက်ဇ်လို့ အမည်ရတဲ့သူမက ရော်နယ်ဒိုနဲ့ နိုက်ကလပ်တစ်ခုမှာ တွေ့ခဲ့ကြတာလို့ သိရပါတယ်။ အဲဒီနောက် သူမနဲ့ ရော်နယ်ဒိုတို့ ရွက်လှေပေါ်မှာ တွဲခုတ်ခဲ့ကြတာဖြစ်ပါတယ်။

play

 

သူမရဲ့ အင်စတာဂရမ်အချက်အလက်အရ သူမဟာ အစ်ဘီဇာကျွန်းမှာ နေထိုင်နေသူဖြစ်တယ်လို့ ဆိုပြီး Follower ပေါင်း ၃၄၇၀၀၀ ကျော်ရှိပါတယ်။ သူမရဲ့ အင်စတာဂရမ် ဓာတ်ပုံတွေအရ ရော်နယ်ဒိုရဲ့ကလပ် ရီးရဲလ်မက်ဒရစ်အိမ်ကွင်းပွဲစဉ် ဘာနေဗျူးမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေလည်း တွေ့ရပါတယ်။

play

 

သူမနဲ့ ရော်နယ်ဒိုဟာ အခုတွေ့တာ ပထမဆုံး အကြိမ်မဟုတ်ဘဲ ရော်နယ်ဒိုတစ်ယောက် ရည်းစားဟောင်း  အီရီနာရှိတ်နဲ့ ပြတ်စဲပြီး မကြာခင်မှာလည်း တွေ့ခဲ့ဖူးကြောင်း သတင်းတွေက ဆိုထားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ