International Sports: ပေါ့ဂ်ဘာအတွက် မန်ယူက ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်းသော်လည်း အဆင်မပြေသေး

ပြောင်းရွှေ့ကြေးကို ဂျူဗင်တပ်ဘက်က ထပ်မံ တောင်းဆိုးနေတာဖြစ်ပါတယ်။

play

 

မန်ယူအသင်းဘက်က ဂျုဗင်တပ်ကစားသမား ပေါ့ဂ်ဘာကို ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ကမ်းလှမ်းထားပေမဲ့ အီတလီကလပ် ဂျူဗင်တပ်အသင်းဘက်က ဒီထက်ပိုများတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေတဲ့အတွက် အခက်တွေ့နေပါတယ်။

play

 

ဂျုဗင်တပ်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား ပေါ့ဂ်ဘာကို မန်ယူအသင်းအပြင် ရီးရဲလ်မက်ဒရစ်ကလည်း ကမ်းလှမ်းနေတာကြောင့် ဂျုဗင်တပ်ဘက်က ပြောင်းရွှေ့ကြေး စိတ်ကြိုက် ဖန်တီးနေတာဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုရဲ့ မန်ယူအသင်းဘက်က အီတလီလက်ရွေးစင် ပေါ့ဂ်ဘာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းထားကြောင်း  The Sun သတင်းစာက ဖော်ပြထားပါတယ်။

play

 

ဒါပေမဲ့ ဂျုဗင်တပ်အသင်းဘက်က ပေါင်သန်း ၆၀ နဲ့ ပေါ့ဂ်ဘာကို လက်လွှတ်ဖို့ သဘောမတူဘဲ ပေါင် ၇၈ သန်းတောင်းဆိုထားတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဘက်ကတော့ ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ဖို့ အသင်းကစားသမား ကိုဗာဆစ်ကို အလိုက်ပေးပြီး အငှားချပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး မိုရာတာကို ရီးရဲလ်မက်ဒစ်က ပေါင်သန်း ၂၀ ကျော်လောက်နဲ့ အချိန်မရွေး  ပြန်ခေါ်နိုင်တဲ့ သဘောတူညီချက်ကိုပါ ပယ်ဖျက်ပေးမယ်လို့ ဆိုပါတယ်။

ပေါ့ဂ်ဘာဟာ ၂၀၁၂ ခုနှစ်တုန်းက မန်ယူအသင်းထံကနေ ပေါင် ရှစ်သိန်းနဲ့ ထွက်ခွာသွားခဲ့တာဖြစ်ပေမဲ့ အခုတော့ ပရီးမီးယားလိဂ်ကို ရောက်လာသူတွေထဲမှာ ပြောင်းရွှေ့ကြေးအများဆုံး ကစားသမား ဖြစ်လာဖွယ် ရှိနေပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ