International Sports: ဟာနန်ဒက်ဇ်ရဲ့ဂိုးနဲ့ မက္ကဆီကို ကွာတားဖိုင်နယ်ရောက်သော်လည်း ဆွာရက်ဇ်၏ ဥရုဂွေး အုပ်စုမှ လှည့်ပြန်ရ

တစ်ဖက်ပွဲစဉ်မှာ ဥရုဂွေးလည်း ဗင်နီဇွဲလားကို ရှုံးနိမ့်သွားပါတယ်။

play

 

ကိုပါအမေရိကဖလား ပြိုင်ပွဲ အုပ်စု (ဂ) ဒုတိယပွဲစဉ်တွေ ဇွန်လ ၁၀ ရက်နေ့ ယှဉ်ပြိုင်ခဲ့ပြီးနောက် မက္ကဆီကိုနဲ့ ဗင်နီဇွဲလားအသင်းတို့ နိုင်ပွဲအသီးသီး ရရှိခဲ့ကြပါတယ်။ အစောပိုင်း ကစားခဲ့ကြတဲ့ဥရုဂွေးက ဗင်နီဇွဲလားအသင်းကို ရှုံးနိမ့်သွားခဲ့ပြီး ဒုတိယပွဲစဉ်မှာတော့ မက္ကဆီကိုက ဂျာမေကာ အသင်းကို အနိုင်ရခဲ့တာပါ။

play

 

ဗင်နီဇွဲလားက ဥရုဂွေးအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အနိုင်ဂိုးကို ၃၆ မိနစ်မှာ ရွန်ဒန်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဥရုဂွေးအသင်းတိုက်စစ်မှာ ဆွာရက်ဇ်ကို ပွဲမထုတ်ခဲ့ဘဲ ကာဗာနီကိုသာ ပွဲထုတ်ခဲ့တာတွေ့ရပါတယ်။ ဥရုဂွေးတိုက်စစ်က ဗင်နီဇွဲလားကို ဂိုးသွင်းဖို့ အခွင့်အရေး များစွာ ရခဲ့ပေမဲ့ ကာဗာနီ အသုံးမချနိုင်ခဲ့တာကြောင့် ချေပဂိုးတောင် ပြန်မရဖြစ်ခဲ့ရပါတယ်။

play

 

ဒုတိယပိုင်းမှာ လူစားဝင်ခွင့်တောင် မရတဲ့ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်လည်း အရန်ခုံမှာ ထိုင်ပြီး ဒေါသပေါက်ကွဲနေခဲ့တာ တွေ့ရပါတယ်။ ဥရုဂွေးက ဒုတိယပွဲကစားပြီးတဲ့အချိန်အထိ တစ်မှတ်မှ မရခဲ့တဲ့အတွက် နောက်တစ်ဆင့်ကို တက်ရောက်တော့မှာမဟုတ်ပါဘူး။

play

 

ဒုတိယပွဲစဉ်မှာတော့ မက္ကဆီကိုအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၈ မိနစ်မှာ လေဗာကူဆင် တိုက်စစ်မှူး ဟာနန်ဒက်ဇ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဂျာမေကာအသင်းမှာ လက်စတာအသင်းခေါင်းဆောင် မော်ဂန်ပါဝင်ခဲ့ပေမဲ့ မက္ကဆီကိုရဲ့ တိုက်စစ်ကိုတော့ တားဆီးနိုင်စွမ်း မရှိခဲ့ပါဘူး။ မက္ကဆီကိုအတွက် ဒုတိယဂိုးကို ပွဲချိန် ၈၁ မိနစ်မှာ ပီရော့တာက သွင်းယူခဲ့တာဖြစ်ပါတယ်။

play

 

အုပ်စု (ဂ)မှာ ဂျမေကာနဲ့ ဥရုဂွေးက လှည့်ပြန်ရဖို့ သေချာသွားပြီဖြစ်ပြီး မက္ကဆီကိုနဲ့ ဗင်နီဇွဲလား အသင်းက ကွာတားဖိုင်နယ် တက်ခဲ့ပြီဖြစ်ပါတယ်။

မက္ကဆီကို ၂-၀ ဂျမေကာ Highlight ကြည့်ရှုရန်

https://www.facebook.com/duwun/videos/585725151589585/

ဥရုဂွေး ၀-၁ ဗင်နီဇွဲလား Highlight ကြည့်ရှုရန်

https://www.facebook.com/duwun/videos/585702518258515/

Source : Goal/ Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ