International Sports: အရန်ခုံမှာ ထိုင်ရလို့ နည်းပြကို ဒေါသပေါက်ကွဲခဲ့တဲ့ ဆွာရက်ဇ်

ဆွာရက်ဇ်မပါနိုင်တဲ့ ပွဲမှာ ဥရုဂွေး ရှုံးပွဲတွေ့ပြီး အုပ်စုက လှည့်ပြန်ရပြီဖြစ်ပါတယ်။

play

 

ဗင်နီဇွဲလား အသင်းကို ဥရုဂွေးက ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပါဝင်ကစားခွင့်မရခဲ့တဲ့ တိုက်စစ်မှူး ဆွာရက်ဇ်တစ်ယောက် အရန်ခုံမှာ ဒေါသပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။ လူစားဝင် စားခွင့်တောင်မပေးတဲ့ နည်းပြကို ဆွာရက်ဇ်က ဒေါသတကြီးနဲ့ ကစားခွင့်ပေးဖို့ တောင်းဆိုနေခဲ့တာတွေ့ရပါတယ်။

play

 

အဆိုပါပွဲစဉ်မှာ တိုက်စစ်မှူးကာဗာနီက ဂိုးသွင်းဖို့ အခွင့်အရေး သုံးကြိမ်ထကမနည်းရခဲ့ပြီး အဆုံးမသတ်နိုင်တဲ့အတွက် ဥရုဂွေး ရှုံးပွဲကြုံခဲ့ပြီး အုပ်စုက လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။ အရန်ခုံမှာ  ထိုင်နေခဲ့ရတဲ့ ဆွာရက်ဇ်ဟာ ဒေါသတကြီးနဲ့ အပေါ်စွပ်ထားတဲ့ အရန်အင်္ကျီကို ချွတ်ပြီး လွှင့်ပစ်ခဲ့တာဖြစ်ပါတယ်။

play

 

ဥရုဂွေးအသင်းက ၁-၀ ဂိုးနဲ့ ရှုံးနေခဲ့ချိန်မှာ အရန်ခုံက ဆွာရက်ဇ်ကို သွေးပူလေ့ကျင့်ခန်း လုပ်ခိုင်းခဲ့ပေမယ့် တကယ်တမ်းမှာ ထည့်သွင်းမကစားခဲ့ပါဘူး။

 

 ဘာစီလိုနာအသင်း ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲမှာ ဒဏ်ရာအနည်းငယ်ရခဲ့တဲ့ ဆွာရက်ဇ်အနေနဲ့ ကစားဖို့ အဆင်သင့်မဖြစ်သေးလို့ ဆိုပြီး ပွဲအပြီးမှာ အသင်းနည်းပြ တာဘာရက်ဇ်က ပြောခဲ့ပါတယ်။

Source : Goal/ Fox

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ