International Sports: ပြည့်တန်ဆာနှင့် အတူအိပ်ခဲ့သည့် သတင်းများကို ဒီဂီယာငြင်းဆိုပြီး စပိန်အသင်းနှင့် ဆက်ရှိနေမည်ဟု ဆို

, updated

အိမ်ပြန်ရမယ်ဆိုတဲ့ ဆိုတဲ့သတင်းတွေကိုလည်း ငြင်းဆိုလိုက်ပါတယ်။

play

 

ပြည့်တန်ဆာအမျိုးသမီးနဲ့ လိင်မှုရေးရာ အရှုပ်တော်ပုံမှာ မိမိပါဝင်ပတ်သတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေအားလုံးကို စပိန်အသင်း ဂိုးသမား ဒီဂီယာက ငြင်းဆိုလိုက်ပါတယ်။ တစ်ဖက်က စွပ်စွဲချက်တွေနဲ့ ထွက်နေတဲ့ သတင်းအားလုံးဟာ အလိမ်အညာတွေချည်းသာ ဖြစ်တယ်လို့ ဒီဂီယာက ငြင်းချက်ထုတ်လိုက်ပါတယ်။

play

 

ဒီကိစ္စအတွက် ဆက်လက်လုပ်ဆောင်ရမယ့် အရာတွေကို ရှေ့နေထံလွှဲပြောင်းပေးပြီးသွားပြီလို့ စပိန်အသင်းနဲ့အတူ ပြင်သစ်မြေမှာ ရှိနေသေးတဲ့ ဒီဂီယာက ပြောပါတယ်။ ဒါ့အပြင် အစောပိုင်းက ရေးသားဖော်ပြခဲ့ကြတဲ့ ဒီဂီယာကို စပိန်အသင်း အိမ်ပြန်ပို့လိုက်တယ်ဆိုတဲ့ သတင်းတွေကိုလည်း ငြင်းဆိုလိုက်ပါတယ်။ ဒီဂီယာက မိမိ စပိန်အသင်းနဲ့အတူ ဆက်လက်ရှိနေမှာ ဖြစ်ကြောင်း ဒီဂီယာက ပြောပါတယ်။

play

 

အခုလို ထွက်လာတဲ့ သတင်းတွေက မိမိကို ပိုပြီး ကြိုးစားဖို့ တွန်းအားဖြစ်စေတယ်လို့ ဂိုးသမား ဒီဂီယာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အသက်မပြည့်သေးတဲ့ အမျိုးသမီးတွေကို အပြာကားလုပ်ငန်းမှာ အသုံးပြုခဲ့လို့ အမှုဖြစ်ပွားနေတဲ့ ကိစ္စကို တရားရုံးတင် စစ်ဆေးနေရာမှာ ဒီကိစ္စထဲ ဒီဂီယာပါဝင်ခဲ့ကြောင်း လျှောက်လဲချက် ပေးထားတယ်လို့ စပိန်သတင်းစာ El Diario က ဖော်ပြခဲ့တာဖြစ်ပါတယ်။

Source : BBC/ Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ